တနိုင်းမြို့နယ် မြန်မာအီလက်ထရောနစ်မဲပေးစက် (MEVM) ကိုင်တွယ်အသုံးပြုနည်း ဒုတိယအကြိမ်သင်တန်းဖွင့်လှစ်

တနိုင်း ဩဂုတ် ၂၃

ကချင်ပြည်နယ်၊ တနိုင်းခရိုင်၊ တနိုင်းမြို့နယ် မြန်မာအီလက်ထရောနစ်မဲပေးစက် (MEVM) ကိုင်တွယ်အသုံးပြုနည်း ဒုတိယအကြိမ်သင်တန်းကို ယမန်နေ့နံနက် ၉ နာရီက ဟူးကောင်းခန်းမ၌ ဖွင့်လှစ်ခဲ့ကြောင်း သိရသည်။

မြို့နယ်စီမံခန့်ခွဲ‌ရေးနှင့် အုပ်ချုပ်ရေးကော်မတီဥက္ကဋ္ဌ ဦးအောင်စိုးမှ သင်တန်းသူ၊ သင်တန်းသားများကို မဲပေးစက်များ ကျွမ်းကျင်စွာကိုင်တွယ်နိုင်ရန်၊ ဆရာ/ဆရာမများ သင်တန်းချိန်မပြီးဘဲ မပြန်ကြဖို့ရန်၊ ဆရာ/ဆရာမ သင်တန်းပါသူများ သင်တန်းတက်ရောက်ဖို့ ပြောကြားသည်။
အဆိုပါအခန်းအနားတွင် မြို့နယ်စီမံခန့်ခွဲရေးနှင့် အုပ်ချုပ်ရေးကော်မတီဥက္ကဋ္ဌ ဦးအောင်စိုး၊ မြို့နယ်အုပ်ချုပ်ရေးအဖွဲ့ဝင်များ၊ ရွေးကောက်ပွဲကော်မရှင်အဖွဲ့ခွဲ ဦးကျော်သက်ပိုင်၊ ကော်မရှင်ဝန်ထမ်းများ၊ ဆရာ/ဆရာမ သင်တန်းသူ /သား(၇၅)ဦးတို့ တက်ရောက်ခဲ့ကြောင်း သိသည်။

မြို့နယ်(ပြန်/ဆက်)