အသေးစားကုန်ထုတ်လုပ်ငန်းများ ဖန်တီးပေးနိုင်ရေးနှင့် ‌ကျေးလက်နေမိသားစုဝင်ငွေ တိုးရေးစီမံကိန်း အခြေခံနှင့် မွမ်းမံစက်ချုပ်နည်းပညာသင်တန်းဆင်းပွဲနှင့် ဒေသဖွံ့ဖြိုးရေးလုပ်ငန်းသုံးပစ္စည်းများ ပေးအပ်ပွဲကျင်းပ

ပြင်ဦးလွင် ဩဂုတ် ၂၃

သမဝါယမနှင့်ကျေးလက်ဖွံ့ဖြိုးရေးဝန်ကြီးဌာန၊ ပြင်ဦးလွင်ခရိုင် အသေးစားစက်မှုလက်မှုလုပ်ငန်း ဦးစီးဌာနမှ အသေးစားကုန်ထုတ်လုပ်ငန်းများ ဖန်တီးပေးနိုင်ရေးနှင့် ကျေးလက်နေ မိသားစု ဝင်ငွေတိုးရေးစီမံကိန်း အခြေခံနှင့် မွမ်းမံစက်ချုပ်နည်းပညာသင်တန်း သင်တန်းဆင်းပွဲနင့် ဒေသဖွံ့ဖြိုးရေးလုပ်ငန်းသုံးပစ္စည်းများ ပေးအပ်ပွဲအခမ်းအနားကို ယမန်နေ့ နံနက် (၁၀) နာရီက ပြင်ဦးလွင်မြို့နယ်၊ လက်ပံကုန်း(မ)စံပြကျေးရွာရှိ ခန်းမဆောင်၌ ကျင်းပပြုလုပ်ခဲ့ရာ တာဝန်ရှိသူများ၊ သင်တန်းနည်းပြများနှင့် သင်တန်းသူများ တက်ရောက်ကြသည်။

ရှေးဦးစွာ ပြင်ဦးလွင်ခရိုင် စီမံခန့်ခွဲရေးနှင့်အုပ်ချုပ်ရေးကော်မတီ ဥက္ကဋ္ဌ ဦးရဲထူးက အဖွင့်အမှာ စကားပြောကြာခဲ့ပြီး မန္တလေးတိုင်းဒေသကြီး အသေးစားစက်မှုလက်မှုလုပ်ငန်းဦးစီးဌာန တိုင်းဒေသကြီးဦးစီးမှူး ဦးဝင်းဗိုလ်က စီမံကိန်းနှင့်ပတ်သက်သည့် အ‌ကြောင်းအရာများကို အသေးစိတ်ရှင်းလင်းပြောကြားခဲ့သည်။

ဆက်လက်ပြီး တာဝန်ရှိသူများက အခြေခံနှင့် မွမ်းမံစက်ချုပ်နည်းပညာသင်တန်း သင်တန်းဆင်းပွဲတွင် ထူးချွန်သင်တန်းသူ (၅) တို့အား ဒေသဖွံ့ဖြိုးရေးလုပ်ငန်းသုံးပစ္စည်းများကို ချီးမြှင့် ပေးအပ်ချီးမြှင့်ခြင်း၊ ဆုရသင်တန်းသူများအား  ထူးချွန်ဆုများ ချီးမြှင့်ခြင်းနှင့် အသေးစားစက်မှုလက်မှု လုပ်ငန်းဦးစီးဌာန လက်ထောက်ညွှန်ကြားရေးမှူး ဒေါ်ဇင်မိုးလှိုင်တို့က သင်တန်းဆင်းလက်မှတ်များအား အသီးသီးပေးအပ်ခဲ့ကြပြီးနောက် တာဝန်ရှိသူများက လုပ်ငန်းသစ်ထူထောင်ကြမည့် ထူးချွန်သင်တန်းသူများအား ရင်းရင်းနှီးနှီး လိုက်လံနှုတ်ဆက်အားပေးစကားပြောကြားခဲ့ကာ ပေးအပ်သုံးစွဲစေမည့် ဒေသဖွံ့ဖြိုးရေးလုပ်ငန်းသုံးပစ္စည်းများ ပြသထားမှုအား လှည့်လည်ကြည့်ရှုခဲ့ကြကြောင်း သိရှိရသည်။ 

ခရိုင် (ပြန်/ဆက်)