ဟိုပုံးမြို့နယ်၌ ပအိုဝ်းကိုယ်ပိုင်အုပ်ချုပ်ခွင့်ရဒေသဦးစီးအဖွဲ့ဥက္ကဋ္ဌဖလား အမျိုးသားအလွတ်တန်း (ဖိတ်ခေါ်) ဘောလုံးပြိုင်ပွဲ ကျင်းပ

ဟိုပုံး ဩဂုတ် ၂၃

ရှမ်းပြည်နယ်(တောင်ပိုင်း)၊ ပအိုဝ်းကိုယ်ပိုင်အုပ်ချုပ်ခွင့်ရဒေသ၊ ဟိုပုံးမြို့နယ်၌ ပအိုဝ်းကိုယ်ပိုင်အုပ်ချုပ်ခွင့်ရဒေသဦးစီးအဖွဲ့ဥက္ကဋ္ဌဖလား အမျိုးသားအလွတ်တန်း (ဖိတ်ခေါ်) ဘောလုံးပြိုင်ပွဲကို ယမန် နေ့ မွန်းလွဲ (၁) နာရီက မြို့မအားကစားကွင်းတွင် ကျင်းပပြုလုပ်ခဲ့ကြောင်း သိရသည်။

ဦးစွာ အနောက်ရပ်အမျိုးသားဘောလုံးအသင်းနှင့် မဲနယ်တောင်ဒေသ အမျိုးသားဘောလုံးအသင်းတို့ ကွင်းအတွင်းသို့ နေရာယူ၍ ပအိုဝ်းကိုယ်ပိုင်အုပ်ချုပ်ခွင့်ရဒေသဦးစီးအဖွဲ့ အတွင်းရေးမှူး ဦးမျိုးအောင်နှင့် အဖွဲ့ဝင်များ၊ တာဝန်ရှိသူများက ပြိုင်ပွဲဝင်ဘောလုံးအသင်းအား လိုက်လံနှုတ်ဆက်ကြပြီး ပအိုဝ်းကိုယ်ပိုင်အုပ်ချုပ်ခွင့်ရဒေသဦးစီးအဖွဲ့ အတွင်း‌ရေးမှူးက ဘောလုံးပြိုင်ပွဲအား ဖွင့်လှစ်ပေးသည်။

ထို့နောက် ပထမပွဲစဉ်အဖြစ် အနောက်ရပ်အမျိုးသားဘောလုံးအသင်းနှင့် မဲနယ်တောင်ဒေသ အမျိုးသားဘောလုံးအသင်းတို့ ယှဉ်ပြိုင်နေမှုများကို ပအိုဝ်းကိုယ်ပိုင်အုပ်ချုပ်ခွင့်ရဒေသ ဦးစီးအဖွဲ့အတွင်း ရေးမှူး ဦးမျိုးအောင်နှင့် အဖွဲ့ဝင်များ၊ မြို့နယ်စီမံခန့်ခွဲရေးနှင့် အုပ်ချုပ်ရေးကော်မတီဥက္ကဋ္ဌနှင့် အဖွဲ့ဝင်များ၊ ဒေသ၊ မြို့နယ်အဆင့် ဌာနဆိုင်ရာများ၊ ဒေသခံဘောလုံးဝါသနာရှင်များက ကြည့်ရှုအားပေးပြီး အနောက်ရပ်အမျိုးသားဘောလုံးအသင်းက မဲနယ်တောင်ဒေသ အမျိုးသားဘောလုံးအသင်းကို (၂)ဂိုး၊ (၁)ဂိုးဖြင့် အနိုင်ရရှိသည်။ ဆက်လက်၍ ဒုတိယပွဲစဉ်အဖြစ် BNS Hopong အမျိုးသား ဘောလုံးအသင်းနှင့် Generation အမျိုးသားဘောလုံးအသင်းတို့ ဆက်လက်ယှဉ်ပြိုင်ခဲ့ကြကြောင်း သိရသည်။ အဆိုပါ ဘောလုံးပြိုင်ပွဲကို ဟိုပုံးမြို့နယ်၊ ဆီဆိုင်မြို့နယ်နှင့် ပင်လောင်းမြို့နယ်တို့မှ အသင်းပေါင်း (၅၁) သင်း ဝင်ရောက်ယှဉ်ပြိုင်ခဲ့ကြပြီး ဩဂုတ်လ (၂၂) ရက်နေ့မှ အောက်တိုဘာလ (၉) ရက်နေ့အထိ ကျင်းပပြုလုပ်သွားမည်ဖြစ်ကြောင်း သိရသည်။

ခရိုင် (ပြန်/ဆက်)