စာဖတ်ရှိန်မြှင့်တင်ရေးပွဲတော် အောင်မြင်စွာကျင်းပရေး ကြိုတင်ညှိနှိုင်း အစည်းအဝေးကျင်းပ

မရမ်းကုန်း သြဂုတ် ၂၃

ကျောင်းစာကြည့်တိုက်များ ဖွံ့ဖြိုးတိုးတက်ရေးနှင့် စာဖတ်ရှိန်မြှင့်တင်ရေးပွဲတော် အောင်မြင်စွာကျင်းပ နိုင်ရေးအတွက် ကြိုတင်လုပ်ငန်းညှိနှိုင်း အစည်းအဝေးကို ယမန်နေ့ မွန်းလွဲ ၂ နာရီအချိန်က ရန်ကုန်တိုင်းဒေသကြီး မရမ်းကုန်းခရိုင် စီမံခန့်ခွဲရေးနှင့်အုပ်ချုပ်ရေးကော်မတီရုံးခန်းမတွင် ကျင်းပပြုလုပ်သည်။

လုပ်ငန်းညှိနှိုင်းအစည်းအဝေးတွင် မရမ်းကုန်းခရိုင် စီမံခန့်ခွဲရေးနှင့်အုပ်ချုပ်ရေးကော်မတီဥက္ကဋ္ဌ ဦးကျော်သက်ခိုင်က အဖွင့်အမှာစကားပြောကြားပြီး ခရိုင်ပြန်ကြားရေးနှင့်ပြည်သူ့ဆက်ဆံရေးဦးစီးဌာနမှ လက်ထောက်ညွှန်ကြားရေးမှူး ဒေါ်အေးအေးခိုင်က ပွဲတော်ကျင်းပဆောင်ရွက်မည့် အခြေအနေများကိုလည်းကောင်း၊ ခရိုင်ပညာရေးမှူး ဒေါ်သီတာမင်းက ပူးပေါင်းဆောင်ရွက်မည့် အခြေအနေများကိုလည်းကောင်း၊ မြို့နယ်စီမံခန့်ခွဲရေးနှင့်အုပ်ချုပ်ရေးကော်မတီ ဥက္ကဋ္ဌ ဦးတင်ထွဋ်အောင်က ကြိုတင်ဆောင်ရွက်မည့် အခြေအနေများကို အသီးသီးတင်ပြ ဆွေးနွေးကြသည်။

ယင်းနောက် မရမ်းကုန်းမြို့နယ် ပြန်ကြားရေးနှင့်ပြည်သူ့ဆက်ဆံရေးဦးစီးဌာနမှ မြို့နယ်ဦးစီးမှူး ဦးရဲနောင်ချစ်နှင့် တက်ရောက်လာကြသည့် ဌာနဆိုင်ရာများမှ တာဝန်ရှိသူများက စာဖတ်ရှိန်မြှင့်တင်ရေးပွဲတော် အောင်မြင်စွာကျင်းပနိုင်ရေး ဌာနအလိုက် ပူးပေါင်းဆောင်ရွက်ရမည့် အခြေအနေများကို ရှင်းလင်းတင်ပြကြရာ ခရိုင်စီမံခန့်ခွဲရေးနှင့်အုပ်ချုပ်ရေးကော်မတီဥက္ကဋ္ဌက လိုအပ်သည်များ ပေါင်းစပ်ညှိနှိုင်း ဆောင်ရွက်ပေးခဲ့ကြောင်း သိရှိရသည်။

မောင်အေးချမ်း (ပြန်/ဆက်)