သာကေတ ဩဂုတ် ၂၂
ရန်ကုန်တိုင်းဒေသကြီး၊ ဗိုလ်တထောင်ခရိုင်၊ သာကေတမြို့နယ် (၉)ရပ်ကွက်အတွင်း ရှုခင်းသာလမ်းရှိ ရန်ကုန်တိုင်းဒေသကြီး လူငယ်ရေးရာကော်မတီ၏ ဦးဆောင်မှုဖြင့် ရန်ကုန်တိုင်းဒေသကြီး ပြည်သူ့ကျန်းမာရေးနှင့် ကုသရေးဦးစီးဌာနနှင့် ရန်ကုန်တိုင်းဒေသကြီး အားကစားနှင့်လူငယ်ရေးရာထောက်အကူပြုလုပ်ငန်းကော်မတီ၊ ကျန်းမာရေးကော်မတီတို့ ပူးပေါင်းကျင်းပသည့် Psychological First Aid Training (PFA): Disaster Mental Health သင်တန်းဖွင့်ပွဲအခမ်းအနားကို ယမန်နေ့နံနက်ပိုင်းက ကျင်းပပြုလုပ်ခဲ့ကြသည်။
ရှေးဦးစွာ ရန်ကုန်တိုင်းဒေသကြီး လူငယ်ရေးရာကော်မတီ ဒုတိယဥက္ကဋ္ဌ၊ ရန်ကုန်တိုင်းဒေသကြီးအစိုးရအဖွဲ့၊ လူမှုရေးရာဝန်ကြီး ဦးဌေးအောင်မှ အဖွင့်အမှာစကားပြောကြားခြင်း၊ ကျန်းမာရေးဝန်ကြီးဌာန၊ စိတ်ကျန်းမာရေးဆေးရုံကြီး (ရန်ကုန်)မှ ဆေးရုံအုပ်ကြီး ဒေါက်တာခင်သန်းမွန်မှ ကြိုဆိုနှုတ်ဆက်စကားပြောကြားခြင်း၊ ဆေးတက္ကသိုလ်(၁)၊ စိတ်ကျန်းမာရေးဌာနမှ ဌာနမှူး ပါမောက္ခဒေါက်တာဆန်းလင်းမှ သင်တန်းနှင့်ပတ်သက်ပြီး ရှင်းလင်းပြောကြားခြင်း၊ ရန်ကုန်တိုင်းဒေသကြီး အားကစားနှင့်လူငယ်ရေးရာ အထောက်အကူပြုလုပ်ငန်းကော်မတီဥက္ကဋ္ဌ ဦးဇော်လွင်ဦးမှ သင်တန်းသား၊ သင်တန်းသူများကိုယ်စား ကျေးဇူးတင်စကားပြောကြားကာ သင်တန်းသား/သင်တန်းသူများနှင့် အမှတ်တရ မှတ်တမ်းဓာတ်ပုံများ ရိုက်ကူးကြသည်။
အဆိုပါအခမ်းအနားကို ရန်ကုန်တိုင်းဒေသကြီး လူငယ်ရေးရာကော်မတီ ဒုတိယဥက္ကဋ္ဌ၊ ရန်ကုန်တိုင်းဒေသကြီးအစိုးရအဖွဲ့၊ လူမှုရေးရာဝန်ကြီး ဦးဌေးအောင်၊ နယ်စပ်ရေးရာဝန်ကြီးဌာန၊ ပြည်ထောင်စုတိုင်းရင်းသားလူငယ်များစွမ်းရည် ဖွံ့ဖြိုးရေးဒီဂရီကောလိပ် (ရန်ကုန်)ကျောင်းအုပ်ကြီး ဒုတိယညွှန်ကြားရေးမှူးချုပ် ဦးထိန်လင်း၊ ဗိုလ်တထောင်ခရိုင် စီမံခန့်ခွဲရေးနှင့်အုပ်ချုပ်ရေးကော်မတီဥက္ကဋ္ဌ ဦးအောင်လွင်၊ ကျန်းမာရေးဝန်ကြီးဌာန၊ စိတ်ကျန်းမာရေးဆေးရုံကြီး(ရန်ကုန်)မှ ဆေးရုံအုပ်ကြီး ဒေါက်တာခင်သန်းမွန်၊ ဆေးတက္ကသိုလ်(၁)၊ စိတ်ကျန်းမာရေးဌာနမှ ဌာနမှူး ပါမောက္ခဒေါက်တာဆန်းလင်း၊ သာကေတမြို့နယ် စီမံခန့်ခွဲရေးနှင့်အုပ်ချုပ်ရေးကော်မတီဥက္ကဋ္ဌ ဦးကျော်သူ၊ အဖွဲ့ဝင်ဦးညွန့်ဝေ၊ အတွင်းရေးမှူး သာကေတမြို့နယ် ရဲတပ်ဖွဲ့မှူး ရဲမှူးညွန့်ဝင်း၊ မြို့နယ်မီးသတ်ဦးစီးမှူး ဦးစီးအရာရှိ ဦးမင်းမင်း၊ ရန်ကုန်တိုင်းဒေသကြီး အားကစားနှင့်လူငယ်ရေးရာ အထောက်အကူပြုလုပ်ငန်းကော်မတီဥက္ကဋ္ဌ ဦးဇော်လွင်ဦးနှင့် ကော်မတီဝင်များ၊ သင်တန်းနည်းပြများ၊ သင်တန်းသား၊ သင်တန်းသူ (၄၅)ဦးနှင့် ဖိတ်ကြားထားသည့် ဧည့်သည်တော်များ စုစုပေါင်းအင်အား(၆၅)ဦးခန့် တက်ရောက်ခဲ့ကြသည်။ အဆိုပါသင်တန်းအား ဩဂုတ်လ(၂၁)ရက်နေ့မှ (၂၂)ရက်နေ့အထိ (၉:ဝဝ)အချိန်မှ (၁၅:၀၀)အချိန်အထိ ဖွင့်လှစ်သင်ကြားသွားမည်ဖြစ်ပါကြောင်း သိရှိရသည်။
ရွှေစင် (ပြန်/ဆက်)