သာကေတ သြဂုတ် ၂၂
ရန်ကုန်တိုင်းဒေသကြီး၊ ဗိုလ်တထောင်ခရိုင်၊ သာကေတမြို့နယ်အတွင်းရှိ အခြေခံပညာမူလတန်းကျောင်းများကို ကျန်းမာရေးစစ်ဆေးခြင်းနှင့် ကျန်းမာရေးပညာပေးဟောပြောခြင်းကို ယမန်နေ့နံနက် (၁၀:၀၀)နာရီချိန်က ကျင်းပပြုလုပ်ခဲ့သည်။
ရှေးဦးစွာ သာကေတမြို့နယ်အတွင်းရှိ အမက၊ ဘက၊ ကိုယ်ပိုင်အထက်တန်းကျောင်းများရှိ ကျောင်းသား/ကျောင်းသူလေးများအား ကျောင်းကျန်းမာရေးစစ်ဆေးခြင်းနှင့် ကျောင်းကျန်းမာရေးဆိုင်ရာများအား အသိပညာပေးဟောပြောခဲ့ကြပြီး အသက် ၅နှစ်မှ ၇နှစ်မကျော်သော ကလေးများအား OCV(OraVacs) ဆေး တိုက်ကျွေးခဲ့ကြောင်း သိရသည်။
ရွှေစင် (ပြန်/ဆက်)