ရပ်စောက်မြို့နယ်တွင် ရွေးကောက်ပွဲကော်မရှင်အဖွဲ့ဝင်များ မိတ်ဆက်တွေ့ဆုံပွဲနှင့် လုပ်ငန်းညှိနှိုင်းအစည်းအဝေးဆောင်ရွက်

ရပ်စောက် ဩဂုတ် ၂၂

ရှမ်းပြည်နယ်(တောင်ပိုင်း)၊ ရပ်စောက်မြို့နယ်တွင် ရွေးကောက်ပွဲကော်မရှင်အဖွဲ့ဝင်များ မိတ်ဆက်တွေ့ဆုံပွဲနှင့် လုပ်ငန်းညှိနှိုင်းအစည်းအဝေးကို ယမန်နေ့မွန်းလွဲ ၁ နာရီက၌ ကျင်းပပြုလုပ် ခဲ့ကြောင်း သိရသည်။

ရှေးဦးစွာ မြို့နယ်ရွေးကောက်ပွဲကော်မရှင်အဖွဲ့ခွဲဥက္ကဋ္ဌ ဦးရဲလင်းသူကအဖွင့်အမှာစကား ပြောကြားသည်။ ထို့နောက် ရွေးကောက်ပွဲကော်မရှင်အဖွဲ့ဝင်များက အသီးသီးမိတ်ဆက်ခဲ့ကြပြီး လုပ်ငန်းဆောင်ရွက်မှုများအပေါ် အကြံပြုဆွေးနွေးခဲ့ကြသည်။ ဆက်လက်၍ အတွင်းရေးမှူးက ရွေးကောက်ပွဲနှင့်သက်ဆိုင်သည့် ညွှန်ကြားချက်များ၊ သိသင့်သိထိုက်သည့် အချက်အလက်များကို ဖတ်ကြားဆွေးနွေးခဲ့သည်။ ယင်းနောက် မြို့နယ်ရွေးကောက်ပွဲကော်မရှင်အဖွဲ့ခွဲဥက္ကဋ္ဌက နိဂုံးချုပ် အမှာစကားပြောကြားကာ အစည်းအဝေးရုပ်သိမ်းခဲ့ကြောင်း သိရသည်။

မြို့နယ်(ပြန်/ဆက်)