ညောင်ရွှေ ဩဂုတ် ၂၂
ရှမ်းပြည်နယ်၊ ညောင်ရွှေမြို့နယ် အင်းလေးဖောင်တော်ဦးမြတ်စွာဘုရား အင်းလေးဒေသဝဲယာ (၂၁)ဌာနသို့ ဒေသစာရီကြွချီပူဇော်ခံပွဲတော်ကြီး၌ အစဉ်အလာအရ ညောင်ရွှေဌာနသို့ ရောက်ရှိချိန်တွင် ဖောင်တော်ဆိုက်ကပ်ရာ ဖောင်တော်ဆိုက်ပြာသာဒ်ဆောင်နှင့် ပြန်လည်ကြွချီတော်မူရာ ဖောင်တော်ပြန်ပြာသာဒ်ဆောင် ဘက်စုံပြုပြင်မွမ်းမံနေမှု လုပ်ငန်းများကို မြို့နယ်စီမံခန့်ခွဲရေးနှင့်အုပ်ချုပ်ရေးအုပ်ချုပ်ရေးကော်မတီဥက္ကဋ္ဌ ဦးကျော်စွာလင်းသည် ဩဂုတ်(၂၂) ရက် နံနက်(၉)နာရီက ကွင်းဆင်းကြည့်ရှုစစ်ဆေးခဲ့ကြောင်း သိရသည်။
ဆက်လက်ပြီး မြို့နယ်စီမံခန့်ခွဲရေးနှင့်အုပ်ချုပ်ရေးအုပ်ချုပ်ရေးကော်မတီဥက္ကဋ္ဌသည် အင်းသားရိုးရာလှေလှော်ပြိုင်ပွဲ ဆုပေးပွဲမဏ္ဍပ်ဆောင်နှင့် ဧည့်သည်တော်များအား ဖျော်ဖြေတင်ဆက်သည့် တိုင်းရင်းသားရိုးရာယဉ်ကျေးမှုပဒေသာကပွဲ တင်ဆက်ကပြရာနေရာများအား ကြည့်ရှုစစ်ဆေးရာ ညောင်ရွှေမြို့ ဘုရားပွဲတော်ကျင်းပရေး လုပ်ငန်းကော်မတီတာဝန်ရှိသူများနှင့် ပြင်ဆင်ရေးလုပ်ငန်း ဆောင်ရွက်နေသူများက ရှင်းလင်းတင်ပြခဲ့ကြသည်။
၎င်းနောက် မြို့နယ်စီမံခန့်ခွဲရေးနှင့် အုပ်ချုပ်ရေးအုပ်ချုပ်ရေးကော်မတီဥက္ကဋ္ဌသည် နန်းသဲကျေးရွာသို့ သွားရောက်၍ အင်းသားရိုးရာ ရာကျော်ပြိုင်လှေ/ဆွဲလှေ တည်ဆောက်နေမှုလုပ်ငန်းကို ကြည့်ရှုစစ်ဆေးရာတာဝန်ရှိသူများက ရှင်းလင်းတင်ပြခဲ့ကြောင်း သိရသည်။
စိုင်းအယ်ဘဲ