သန်လျင်မြို့နယ် သဒ္ဓမ္မဇောတိကာရုံကျောင်း၌ ကျောင်းကျန်းမာရေးအသိပညာပေးဟောပြောခြင်းနှင့်ကျန်းမာရေးစောင့်ရှောက်မှုပေးခြင်းဆောင်ရွက်

ရန်ကုန် သြဂုတ် ၂၂

သန်လျင်ခရိုင်၊ သန်လျင်မြို့နယ် ပြည်သူ့ကျန်းမာရေးဦးစီးဌာနမှူးဒေါက်တာစံလင်းနှင့် သွားဆေးကုဆရာဝန် ဒေါက်တာစိုးထက်တို့ဦးဆောင်၍ ကျန်းမာရေးဝန်ထမ်းများက ကျောင်းကျန်းမာရေးအသိပညာပေးဟောပြောခြင်းနှင့်ကျန်းမာရေးစောင့်ရှောက်မှုဆောင်ရွက်ပေးခြင်းကို ယနေ့ နံနက် ၁၀ နာရီအချိန်က လက်ယက်စမ်းကျေးရွာ၊ သဒ္ဓမ္မဇောတိကာရုံ(ဘက)ကျောင်း၌ ကွင်းဆင်းဆောင်ရွက်ခဲ့ကြသည်။

ထိုသို့ကွင်းဆင်းဆောင်ရွက်ရာတွင် သန်လျင်မြို့နယ် ပြည်သူ့ကျန်းမာရေးဦးစီးဌာနမှူး ဒေါက်တာစံလင်းကသွေးလွန်တုပ်ကွေးရောဂါ၊ ငှက် ဖျားရောဂါ၊ ဝမ်းပျက်ဝမ်းလျှောရောဂါအကြောင်း ကျန်းမာရေးပညာပေးဟောပြောခြင်းများပြောကြားပြီး သွားနှင့်ခံတွင်းဆရာဝန် ဒေါက်တာ စိုးထက်မှ သွားကျန်းမာရေးပညာပေးဟောပြောခြင်းများပြုလုပ်ခဲ့ကြသည်။

ထို့နောက် ကျန်းမာရေးဝန်ထမ်းများက ကျောင်းသား၊ ကျောင်းသူ ၁၂၈ ဦးတို့အား ကျန်းမာရေးစစ်ဆေးခြင်း၊ သွားကျန်းမာရေးစစ်ဆေးခြင်း ဆောင်ရွက်ပေးခဲ့ကြောင်း သိရသည်။

ဖြိုးသီဟ(သန်လျင်)