ပင်းတယမြို့နယ်၌ (၄၃)ကြိမ်မြောက် မြို့လုံးကျွတ် ဆွမ်းဆန်စိမ်းလောင်းလှူပွဲ ကျင်းပ

ပင်းတယ ဩဂုတ် ၂၂

ရှမ်းပြည်နယ်တောင်ပိုင်း၊ ဓနုကိုယ်ပိုင်အုပ်ချုပ်ခွင့်ရဒေသ၊ ပင်းတယမြို့နယ်၌ မြို့နယ်လုံးကျွတ် ဆွမ်းဆန်စိမ်းလောင်းလှူပွဲအား ၁၃၈၇ ခုနှစ်၊ ဝါခေါင်လကွယ်နေ့၊ ယနေ့မွန်းလွဲ ၁ နာရီအချိန်က ကျင်းပပြုလုပ်ခဲ့သည်။

အဆိုပါ မြို့နယ်လုံးကျွတ် ဆွမ်းဆန်စိမ်းလောင်းပွဲတွင် ဌာနဆိုင်ရာများမှ ဗုဒ္ဓရုပ်ပွားတော်များအား ပင့်ဆောင်ကာ ပင်းတယမြို့ပေါ် (၁၃)ရပ်ကွက်ရှိ ဘုန်း‌တော်ကြီးကျောင်းများနှင့် မြို့ပေါ်ပင့်ကျောင်း(၂၉)ကျောင်းမှ ရဟန်းသံဃာ(၃၈၉)ပါး၊ သီလရှင်(၅၃)ပါးတို့မှ ပင်းတယမြို့အဝင် ပင့်ဂူရုပ်ဆိုင်းဘုတ်မှ ပင်းတယ-ရပ်စောက်သွား ကားလမ်းမကြီးအတိုင်း မြို့အထွက်မြောက်ကျောင်းကြီး ဘုန်းတော်ကြီးကျောင်းအထိ လှည့်လည်အလှူခံကြွရောက်ခဲ့ကြရာ လမ်းတစ်လျှောက်တွင် ဒေသအဆင့် ဌာနဆိုင်ရာဝန်ထမ်းများ၊ မြို့နယ်အဆင့်ဌာနဆိုင်ရာများ၊ ကျောင်းဆရာ/ဆရာမများနှင့် ကျောင်းသား၊ ကျောင်းသူများ၊ လူမှုရေးအသင်းအဖွဲ့များနှင့် ဒေသခံပြည်သူများက ဆွမ်းဆန်စိမ်း၊ လှူဖွယ်ဝတ္ထုများနှင့် အလှူငွေများကို လောင်းလှူခဲ့ကြကြောင်း သိရသည်။

အောင်ကိုဦး(ဒေသပြန်/ဆက်)