မြောက်ဥက္ကလာပမြို့နယ် အမှတ်(၇)အခြေခံပညာအလယ်တန်းကျောင်းတွင် ယာဉ်စည်းကမ်း၊ လမ်းစည်းကမ်းအသိပညာပေးဟောပြော

မြောက်ဥက္ကလာပ သြဂုတ် ၂၂

ရန်ကုန်တိုင်းဒေသကြီး၊ မရမ်းကုန်းခရိုင်၊ မြောက်ဥက္ကလာပမြို့နယ်တွင် အမှတ်(၃၅)ယာဥ်ထိန်းတပ်ဖွဲ့စုမှ ကျောင်းသား၊ ကျောင်းသူများ ယာဉ်အန္တရာယ်ကင်းဝေးစေရေး ယာဉ်စည်းကမ်း၊ လမ်းစည်းကမ်း အသိပညာပေးဟောပြောခြင်းကို ယမန်နေ့နံနက် ၉ နာရီအချိန်က အမှတ်(၇)အခြေခံပညာာအလယ်တန်းကျောင်း မြတ်သဇင်ခန်းမတွင် ပြုလုပ်ခဲ့သည်။

ထိုသို့ ဆောင်ရွက်ရာတွင် အမှတ်(၃၅)ယာဥ်ထိန်းတပ်ဖွဲ့စုမှ မြို့နယ်တပ်စုမှူး ဒုတိယရဲမှူး လှိုင်ဝင်းအောင်က ကျောင်းသား၊ ကျောင်းသူများအနေဖြင့် လမ်းဖြတ်ကူးရာတွင် လိုက်နာရမည့်စည်းကမ်းများ၊ ခြေကျင်လမ်းလျှောက်သူများ လိုက်နာရမည့်စည်းကမ်းများ၊ အုပ်စုလိုက် အစုအဝေးဖြင့်လျှောက်သူများ လမ်းလျှောက်သူများ လိုက်နာရမည့်စည်းကမ်းများ၊ အနှေးယာဉ်စီးနင်းသူများ လိုင်နာရမည့်စည်းကမ်း စသည့် အသိပညာဗဟုသုတများအား ကျောင်းသား၊ ကျောင်းသူများ သိရှိလိုက်နာနိုင်ရေး အသိပညာပေးဟောပြောပေးခဲ့ပြီး ယာဉ်စည်းကမ်း၊ လမ်းစည်းကမ်း အသိပညာပေးလက်ကမ်း‌စာစောင်များကိုလည်း ဖြန့်ဝေပေးခဲ့ကြရာ ကျောင်းအုပ်ဆရာကြီးက ကျေးဇူးတင်စကားပြန်လည်ပြောကြားခဲ့သည်။

အဆိုပါအသိပညာပေးဟောပြောပွဲသို့ အမှတ်(၃၅)ယာဉ်ထိန်းတပ်ဖွဲ့စုမှ မြို့နယ်တပ်စုမှူး ဒုတိယရဲမှူးလှိုင်ဝင်းအောင်နှင့် တပ်ဖွဲ့၀င်များ၊ ကျောင်းအုပ်ဆရာကြီးနှင့် ဆရာ၊ ဆရာများ၊ ကျောင်းသား၊ ကျောင်းသူများ တက်ရောက်ခဲ့ကြကြောင်း သိရသည်။

သက်လွင်စိုး (ပြန်/ဆက်)