ကျိုင်းတုံမြို့၌ သဘာဝဘေးအန္တရာယ်ဆိုင်ရာအချက်အလက်များအတွက် ပျက်စီးဆုံးရှုံးမှုစာရင်းများ ကောက်ယူမည့်ပုံစံရှင်းလင်းခြင်း ဆင့်ပွားသင်တန်းဖွင့်

ကျိုင်းတုံ ဩဂုတ် ၂၂

ရှမ်းပြည်နယ်(အ‌ရှေ့ပိုင်း)၊ ကျိုင်းတုံမြို့၌ သဘာဝဘေးအန္တရာယ်ဆိုင်ရာအချက်အလက်များအတွက် ပျက်စီးဆုံးရှုံးမှုစာရင်းများ ကောက်ယူမည့်ပုံစံရှင်းလင်းခြင်း ဆင့်ပွားသင်တန်းဖွင့်ပွဲကို ယမန်နေ့က ကျိုင်းတုံခရိုင် ပြန်ကြားရေးနှင့်ပြည်သူ့ဆက်ဆံရေးဦးစီးဌာနရှိ လူထုအခြေပြုဗဟိုဌာန (Community Center) ခန်းမတွင် ကျင်းပသည်။

ဦးစွာ ပြည်နယ်အစိုးရအုပ်ချုပ်ရေးအဖွဲ့ခွဲ(ရှမ်းအရှေ့)ဥက္ကဋ္ဌ ဦးတင်လင်းက သင်တန်းဖွင့်အမှာစကားပြောကြားပြီး ရှမ်းပြည်နယ်(အရှေ့ပိုင်း)၊ ပြည်နယ်ဗဟိုစာရင်းအင်းအဖွဲ့ (ရုံးခွဲ)၊ တာဝန်ခံ ဒေါ်နှင်းယုလှိုင်က သင်တန်းဖွင့်လှစ်ရသည့် ရည်ရွယ်ချက်အား ရှင်းလင်းပြောကြားသည်။

သင်တန်းတွင် သင်တန်းသား ၃၀ ဦး တက်ရောက်ပြီး သဘာဝဘေးအန္တရာယ်ဆိုင်ရာနှင့် ပတ်သက်၍ အစိုးရဌာနဆိုင်ရာများ၊ ပုဂ္ဂလိကကဏ္ဍ၊ စိုက်ပျိုး၊ မွေးမြူရေး၊ လမ်းပန်းဆက်သွယ်ရေးစသည့် ကဏ္ဍများတွင် ပျက်စီးဆုံးရှုံးမှုစာရင်းများ ကောက်ယူမည့်ပုံစံများကို တစ်ရက်တာဆွေးနွေးပို့ချကြောင်း သိရသည်။

အောင်ဇင်မြင့်(ပြန်/ဆက်)