ကျောက်တန်း သြဂုတ် ၂၂
ရန်ကုန်တိုင်းဒေသကြီး၊ သန်လျင်ခရိုင်၊ ကျောက်တန်းမြို့နယ်၌ မိုးစပါးပန်းတိုင်အထွက်တိုးနှုန်းရရှိရေး တောင်သူနည်းပညာပေးသင်တန်းကို ယမန်နေ့နံနက် ၉ :၃၀ နာရီက ပီလခတ်ကျေးရွာ၌ ကျင်းပပြုလုပ်ခဲ့သည်။
အဆိုပါအခမ်းအနားတွင် ခရိုင်စိုက်ပျိုးရေးဦးစီးဌာန၊ လက်ထောက်ညွှန်ကြားရေးမှူးဦးအောင်ကျော်နိုင်က အဖွင့်အမှာစကားပြောကြားကာ စပါးပန်းတိုင်အထွက်တိုးနှုန်းရရှိရေးအတွက် တောင်သူများအား အသိပညာပေးရှင်းလင်းပြောကြားခဲ့ပြီး မြို့နယ်စိုက်ပျိုးရေးဦးစီးမှူး ဦးမျိုးသန်းက မိုးစပါးအထွက်တိုးနှုန်းတိုးတက်စေရေးအတွက် ဓာတ်မြေသြဇာရောစပ်အသုံးပြုနည်းများကို ရှင်းလင်းပြောကြားခဲ့သည်။
အခမ်းအနားကို စိုက်ပျိုးရေးဦးစီးဌာန ခရိုင်လက်ထောက်ညွှန်ကြားရေးမှူးဦးအောင်ကျော်နိုင်နှင့်တာ၀န်ရှိသူများ မြို့နယ်စိုက်ပျိုးရေးဦးစီးမှူး ဦးမျိုးသန်းနှင့်၀န်ထမ်းများ၊ ဌာနဆိုင်ရာများ၊ ကျေးရွာအုပ်ချုပ်ရေးမှူးနှင့်ကျေးရွာနေတောင်သူများ စုစုပေါင်းအင်အား(၅၅)ဦး တက်ရောက်ခဲ့ပြီး ပန်းတိုင်အထွက်တိုးနှုန်းရရှိစေရေးအတွက် စိုက်ပျိုးရေးဦးစီးဌာနမှထုတ်ဝေသည့် လက်ကမ်းစာစောင်များဖြန့်ဝေခဲ့ကြောင်းသတင်းရရှိသည်။
နေလင်းကျော်(ပြန်/ဆက်)