ရန်ကုန်တက္ကသိုလ်၌ တရားရုံးကဦးဆောင်သော စေ့စပ်ဖြေရှင်းရေးဆိုင်ရာအသိပညာပေးဆွေးနွေးပွဲ ကျင်းပ

ရန်ကုန် သြဂုတ် ၂၂

ပြည်ထောင်စုတရားလွှတ်တော်ချုပ်၏ တရားစီရင်ရေးဆိုင်ရာမဟာဗျူဟာစီမံကိန်း(၂၀၂၃-၂၀၂၇)၊ တတိယနှစ်မဟာဗျူဟာလုပ်ငန်းအစီ အစဉ်(၂၀၂၅)၊ မဟာဗျူဟာအစီအစဉ် ၅. ၃. ၁ အရ တရားရုံးကဦးဆောင်သည့်စေ့စပ်ဖြေရှင်းရေးစနစ်အား နယ်ပယ်အသီးသီးမှပုဂ္ဂိုလ်များ ကျယ်ကျယ်ပြန့်ပြန့်သိရှိနိုင်ရေးအတွက်ရည်ရွယ်၍ “တရားရုံးကဦးဆောင်သောစေ့စပ်ဖြေရှင်းရေးစနစ်နှင့်စပ်လျဉ်း၍ အသိပညာပေးဟော ပြောပွဲ”ကို ယမန်နေ့ နံနက်(၁၀)နာရီက ရန်ကုန် တက္ကသိုလ်၊ ဝိဇ္ဇာခန်းမတွင်ကျင်းပခဲ့သည်။

ဟောပြောပွဲတွင် ရန်ကုန်တိုင်းဒေသကြီးတရားလွှတ်တော်၊ စေ့စပ်ဖြေရှင်းရေးဌာနမှ လက်ထောက်ညွှန်ကြားရေးမှူးဒေါ်ခိုင်ဇင်သန့်က “စေ့ စပ်ဖြေရှင်းရေးမိတ်ဆက်” ခေါင်းစဉ်ဖြင့်လည်းကောင်း၊ ဒုတိယညွှန်ကြားရေးမှူးဒေါ်မွန်သူဇာခင်က “တရားရုံးကဦးဆောင်သည့် စေ့စပ် ဖြေရှင်းရေး”ခေါင်းစဉ်ဖြင့်လည်းကောင်း၊ တိုင်းဒေသကြီးတရားရေးဦးစီးမှူးဦးစောမျိုးမျိုးက“စေ့စပ်ဖြေရှင်းရေးစနစ်နှင့်စပ်လျဉ်း၍ သုံးသပ်ဆွေးနွေးခြင်း” ခေါင်းစဉ်ဖြင့်လည်းကောင်း အသီးသီးရှင်းလင်းဟောပြောခဲ့ကြသည်။

ဆက်လက်၍ အခမ်းအနားသို့တက်ရောက်လာကြသော ရန်ကုန်တက္ကသိုလ်ဒုတိယပါမောက္ခချုပ်၊ ဥပဒေပညာဌာနမှပါမောက္ခ(ဌာနမှူး)၊ ပါမောက္ခများ၊ တွဲဖက်ပါမောက္ခများ၊ ဆရာ၊ ဆရာမများနှင့် ကျောင်းသား၊ ကျောင်းသူများကသိရှိလိုသည်များကိုမေးမြန်းခြင်း၊ ဖြေဆိုခြင်းနှင့်အပြန်အလှန်ဆွေးနွေးခြင်းများပြုလုပ်ကြသည်။

အဆိုပါဟောပြောပွဲသို့ ရန်ကုန်တိုင်းဒေသကြီးတရားလွှတ်တော်မှတရားရေးအရာရှိများ၊ ရန်ကုန်တက္ကသိုလ်၊ ဥပဒေပညာဌာနပါမောက္ခဌာနမှူးဒေါက်တာသွင်ပပနှင့်ဆရာ၊ ဆရာမများ၊ ဥပဒေပညာအထူးပြု ကျောင်းသား၊ ကျောင်းသူများ စုစုပေါင်း(၂၀၀)ကျော်တက်ရောက် ခဲ့ကြောင်းသိရသည်။

အောင်မြင့်(ပြန်/ဆက်)