ကျောင်းသား၊ ကျောင်းသူများ ကျောင်းစာအပြင် ပြင်ပအသိပညာဗဟုသုတတိုးပွားစေရန် လူငယ်စာဖတ်ဝိုင်း၊ ပြိုင်ပွဲများနှင့်ပြပွဲများဆောင် ရွက်ပေး

ရန်ကုန် သြဂုတ် ၂၂

ရန်ကုန်တိုင်းဒေသကြီး၊ ကျောက်တံတားခရိုင်၊ လမ်းမတော်မြို့နယ် ပြန်ကြားရေးနှင့်ပြည်သူ့ဆက်ဆံရေးဦးစီးဌာနမှ ယမန်နေ့နံနက် ၁၀ နာရီအချိန်တွင် အမှတ်(၁)၊ အခြေခံပညာမူလတန်းကျောင်း၌  လူငယ်စာဖတ်ဝိုင်း၊ ပြိုင်ပွဲများနှင့် ပြပွဲများဆောင်ရွက်ပေးခဲ့သည်။

ဦးစွာလမ်းမတော်မြို့နယ် ပြန်ကြားရေးနှင့်ပြည်သူ့ဆက်ဆံရေးဦးစီးဌာနမှ ဒုတိယဦးစီးမှူးဒေါ်လင်းယုလှိုင်ဝင်းက စာဖတ်ဝိုင်းကျင်းပပြုလုပ်ရခြင်း၏ရည်ရွယ်ချက်များအား ရှင်းလင်းပြောကြားခဲ့ပြီး ကျောင်းသား၊ ကျောင်းသူများကျောင်းစာအပြင် ပြင်ပဗဟုသုများရရှိစေမည့် စာအုပ်စာပေများကိုလေ့လာဖတ်ရှုကြစေရန်၊ စာပေဖတ်ရှုခြင်းမှရရှိစေမည့် ဗဟုသုတများကိုပြောကြာပြီး မြန်မာနိုင်ငံဆိုင်ရာတိုင်းရင်းသားဘာသာ စကားဦးစီးဌာနမှထုတ်ဝေသည့် စိတ်စွမ်းအားပြည့်နှလုံးသားအာဟာရစာစုများစာအုပ်ဖြင့်ဖတ်ကြားဆွေးနွေးခဲ့ပါသည်။ ဆက်လက်၍ မူလတန်းအဆင့်ကျောင်းသား/သူလေးများက စကားပုံဆက်ပြိုင်ပွဲ၊ စက္ကူခေါက်ပြိုင်ပွဲ၊ ဆေးရောင်ခြယ်ပြိုင်ပွဲများကျင်းပပေးခဲ့ပြီး ဆုရရှိသည့်ကျောင်းသား/သူများအား ဆုများအသီးသီးပေးအပ်ချီးမြှင့်ပေးခဲ့ပြီးနောက် ခန်းမအတွင်းပြသထားသော အသိပညာပေးနံရံကပ်စာစောင်များနှင့် သုတ/ရသ စာအုပ်၊ စာစောင်များအားကြည့်ရှုလေ့လာခဲ့ကြကြောင်းသိရသည်။

ကျော်ဆန်းမြင့်(ပြန်/ဆက်)