မိုးနဲ ဩဂုတ် ၂၂
ရှမ်းပြည်နယ်(တောင်ပိုင်း)၊ နမ့်စန်ခရိုင်၊ မိုးနဲမြို့နယ် နားခံကျေးရွာ၌ လွိုင်လင်ခရိုင် အသေးစားစက်မှုလက်မှုလုပ်ငန်းဦးစီးဌာန၏ အစီအစဉ်ဖြင့် အသေးစား၊ အငယ်စားကုန်ထုတ်လုပ်ငန်းများ ဖန်တီးပေးနိုင်ရေးနှင့် ကျေးလက်နေမိသားစုဝင်ငွေ တိုးပွားစေရန် ရည်ရွယ်၍ Bakery အမျိုးမျိုး ထုတ်လုပ်မှုနည်းပညာသင်တန်း ဆင်းပွဲအခမ်းအနားကို အဆိုပါကျေးရွာနယ်မြေ(၃)ရုံးနေရာ၌ ယနေ့နံနက် ၁၀ နာရီခွဲအချိန်က ကျင်းပခဲ့ကြောင်း သိရသည်။
ဦးစွာ မြို့နယ်စီမံခန့်ခွဲရေးနှင့်အုပ်ချုပ်ရေးကော်မတီဥက္ကဋ္ဌ ဦးဝင်းမြင့်က သင်တန်းဆင်းအမှာ စကားပြောကြားပြီး လွိုင်လင်ခရိုင် အသေးစားစက်မှုလက်မှု လုပ်ငန်းဦးစီးဌာနဦးစီးမှူး ဦးရာဇာက စီမံကိန်းသင်တန်းနှင့်စပ်လျဉ်း၍ ရှင်းလင်းပြောကြားခဲ့သည်။
ဆက်လက်၍ မြို့နယ်စီမံခန့်ခွဲရေးနှင့်အုပ်ချုပ်ရေးကော်မတီဥက္ကဋ္ဌှနှင့် တာဝန်ရှိသူများက သင်တန်းသားများအား သင်တန်းထွက်ကုန်ချောပစ္စည်းများနှင့် သင်တန်းဆင်းလက်မှတ်များ ပေးအပ်ခဲ့ကြပြီး သင်တန်းသား/သူများပြုလုပ်ထားသော Bakery မုန့်အမျိုးမျိုးတို့အား ကြည့်ရှုအားပေးခဲ့ကြောင်း သိရသည်။
အဆိုပါသင်တန်းဆင်းပွဲသို့ မိုးနဲမြို့နယ်စီမံခန့်ခွဲရေးနှင့် အုပ်ချုပ်ရေးကော်မတီဥက္ကဋ္ဌနှင့် အဖွဲ့ဝင်များ၊ လွိုင်လင်ခရိုင် အသေးစားစက်မှုလက်မှုလုပ်ငန်းမှတာဝန်ရှိသူများ၊ သင်တန်းနည်းပြများ၊ သင်တန်းသား/သူများ တက်ရောက်ခဲ့ကြပြီး သင်တန်းကို နည်းပြနှစ်ဦးက သင်တန်းသား ၂၀ ဦးအား ၁၄ ရက်ကြာ Bakery အမျိုးမျိုးထုတ်လုပ်မှုနည်းပညာများ သင်ကြားပို့ချပေးခဲ့ကြောင်း သိရသည်။
မျိုးညွန့်ရွှေ(မိုးနဲ)