မိုင်းယောင်း ဩဂုတ် ၂၂
ရှမ်းပြည်နယ်(အရှေ့ပိုင်း)၊ မိုင်းယောင်းခရိုင်၊ မိုင်းယောင်းမြို့နယ်တွင် မြန်မာအီလက်ထရောနစ်မဲပေးစက် (MYANMAR ELECTRONIC VOTING MACHINE) အသိပညာပေးခြင်းနှင့် စမ်းသပ်ဆန္ဒမဲပေးခြင်းကို ယနေ့နံနက် ၉ နာရီက အမှတ် (၇) ရပ်ကွက်၌ ကျင်းပဆောင်ရွက်ခဲ့ကြောင်း သိရသည်။
ရှေးဦးစွာ မြို့နယ်ရွေးကောက်ပွဲအရာရှိ ဦးမိုးဝင်း(ခ)တင်မိုးဝင်းက ရွေးကောက်ပွဲတွင် မြန်မာအီလက်ထရောနစ်မဲပေးစက် (MEVM) ဖြင့် မဲပေးနိုင်ရေး ဆောင်ရွက်ထားရှိအခြေအနေများ၊ မြန်မာအီလက်ထရောနစ်မဲပေးစက် (MEVM) ဖွဲ့စည်းတည်ဆောက်ပုံ၊ အသုံးပြုပုံအဆင့်ဆင့်နှင့် မဲဆန္ဒရှင်ပြည်သူများ မဲပေးရာတွင် အဆင်ပြေချောမွေ့စေရေးအတွက် မဲပေးစက်ဖြင့် မဲပေးနည်းစနစ်များအား ရှင်းလင်းပြောကြားသည်။
ထို့နောက် တက်ရောက်လာသည့် အမှတ်(၇)ရပ်ကွက်နှင့် အမှတ်(၈)ရပ်ကွက်တို့မှ ရပ်ကွက်အုပ်ချုပ်ရေးမှူးနှင့် ပြည်သူများက မြန်မာအီလက်ထရောနစ်မဲပေးစက်ဖြင့် စမ်းသပ်မဲပေးခြင်းကို စိတ်ပါဝင်စားစွာ လက်တွေ့လုပ်ဆောင်ခဲ့ကြကြောင်း သိရသည်။
စိုင်းအောင်ဇော်လင်း