ကွမ်းခြံကုန်းမြို့နယ်၌ စာဖတ်ရှိန်မြှင့်တင်ရေးလှုပ်ရှားမှု အခမ်းအနားကျင်းပ

ကွမ်းခြံကုန်း ဩဂုတ် ၂

ရန်ကုန်တိုင်းဒေသကြီး၊ တွံတေးခရိုင်၊ ကွမ်းခြံကုန်းမြို့နယ်၊ ပြန်ကြားရေးနှင့်ပြည်သူ့ဆက်ဆံရေးဦးစီးဌာနနှင့် အခြေခံပညာဦးစီးဌာနတို့ ပူးပေါင်းကျင်းပသည့် စာဖတ်ရှိန်မြှင့်တင်ရေးလှုပ်ရှားမှု အခမ်းအနားလူငယ်စကားဝိုင်း၊ ပုံပြင်ပြောပြိုင်ပွဲ၊ ကဗျာရွတ်ဆိုပြိုင်ပွဲများနှင့် ဂိမ်းကစားပြိုင်ပွဲများကို ဩဂုတ် ၂၀ ရက်နေ့ နံနက်ပိုင်း ၁၀ နာရီက တော်လန်းကျေးရွာ၊ အခြေခံပညာအထက်တန်းကျောင်း၊ ပညာရတနာခန်းမ၌ ကျင်းပပြုလုပ်ခဲ့ပါသည်။

အခမ်းအနားတွင် ကွမ်းခြံကုန်းမြို့နယ်စီမံခန့်ခွဲရေးနှင့် အုပ်ချုပ်ရေးကော်မတီအဖွဲ့၊ အဖွဲ့ဝင် ဦိးရဲတင့်က အဖွင့်အမှာစကားပြောကြားပြီး၊ မြို့နယ်ပညာရေးမှူး‌ ဒေါ်အေးသန္တာစိုးက မုဒိတာစကားပြောကြားပြီး ပြန်ကြားရေးနှင့်ပြည်သူ့ဆက်ဆံရေးဦးစီးဌာန၊ ကွမ်းခြံကုန်း‌မြို့နယ်၊ ဦးစီးအရာရှိ ဒေါ်နန့်ဆွေနွယ်ဦးက စာဖတ်ရှိန်မြှင့်တင်ရေးလှုပ်ရှားမှု အခမ်းအနားပြုလုပ်ခြင်း၏ ရည်ရွယ်ချက်အား ရှင်းလင်းပြောကြားခဲ့သည်။

ထို့နောက် လူငယ်စကားဝိုင်းကို ဆက်လက်ကျင်းပရာ ပြန်ကြားရေးနှင့်ပြည်သူ့ဆက်ဆံရေးဦးစီးဌာနမှ ဦးစီးအရာရှိ ဒေါ်နန့်ဆွေနွယ်ဦးက ဦးဆောင်ဆွေးနွေးသူအဖြစ် ဆောင်ရွက်ပြီး လူငယ်နှင့်စာပေခေါင်းစဥ်ဖြင့် Grade-12 မှ မယဥ်နွယ်ဦးကလည်းကောင်း၊ လူငယ်နှင့်စာရိတ္တခေါင်းစဥ်ဖြင့် Grade-11 မှ မောင်ပြည့်ဖြိုးကျော်ကလည်းကောင်း၊ လူငယ်နှင့်ယဥ်ကျေးမှုခေါင်းစဥ်ဖြင့် Grade-11 မှ မခင်ထက်ကျော်ဇင်ကလည်းကောင်း၊ လူငယ်နှင့်အားကစားခေါင်းစဥ်ဖြင့် Grade-10 မှ မောင်အေးလင်းကိုကလည်ကောင်း၊ လူငယ်နှင့်ကျန်းမာရေး‌ခေါင်းစဥ်ဖြင့် Grade-11 မှ မရတနာခိုင်တို့က ဆွေးနွေးခဲ့ကြပြီး တက်ရောက်လာသော ကျောင်းသား/ကျောင်းသူများက သိရှိလိုသည်မျာကို မေးမြန်းရာဦးဆောင်ဆွေးနွေသူများက ပြန်လည်ဖြေကြားခဲ့ပြီး တော်လန်းကျေးရွာ၊ အ-ထ-က ကျောင်းအုပ်ဆရာမကြီး ဒေါ်ခိုင်ဇာလှိုင်က ကျေးဇူးတင်စကားပြောကြားခဲ့သည်။

ထို့နောက် ပုံပြောပြိုင်ပွဲ၊ကဗျာရွတ်ဆိုပြိုင်ပွဲများ ဂိမ်းကစားပြိုင်ပွဲများ ဆက်လက်ကျင်းပရာ မူလတန်းအဆင့်၊ ကျောင်းသား/ကျောင်းသူများ ဝင်ရောက်ယှဥ်ပြိုင်ကြသည်။ ဆက်လက်၍ လူငယ်စကားဝိုင်းတွင် ပါဝင်‌ဆွေးနွေးကြသူများ ပြိုင်ပွဲတွင်ဆုရရှိသော ပထမ၊ ဒုတိယ၊ တတိယဆု ရရှိသော ကျောင်းသား/ကျောင်းသူများအား တာဝန်ရှိသူများက ဆုများ အသီးသီးပေးအပ်ခဲ့ကြသည်။

ယင်းနောက် မြို့နယ်ပြန်ကြားရေးနှင့် ပြည်သူ့ဆက်ဆံရေးဦးစီးဌာနက ကျောင်းသား/ ကျောင်းသူများ စာဖတ်ရှိန်မြှင့်မားလာစေရန်နှင့် အသိပညာဗဟုသုတရရှိစေရန် ပြသထားသော သဘာဝဘေးအန္တရာယ်၊ ကလေးအလုပ်သမားပပျောက်ရေး၊ လျှပ်စစ်အန္တရာယ်အ‌ကြောင်းနံရံကပ်စာစောင်များ၊ လူကုန်ကူးမှုအန္တရာယ်အသိပညာပေး နံရံကပ်စာစောင်များနှင့် သုတ၊ ရသစာအုပ် စာစောင်များ ပြသထားရာ ဆရာ၊ ဆရာမများ/ ကျောင်းသား၊ ကျောင်းသူများက ကြည့်ရှုလေ့လာခဲ့ကြကြောင်း သိရသည်။

ဆွေနွယ် (ပြန်/ဆက်)