ကွန်ဟိန်းမြို့၌ မဲဆန္ဒရှင် အသိပညာပေးခြင်းနှင့် မြန်မာအီလက်ထရောနစ်မဲပေးစက် အသုံးပြု၍ လက်တွေ့စမ်းသပ်မဲပေးခြင်း ဆောင်ရွက်

ကွန်ဟိန်း ဩဂုတ် ၂၂

ရှမ်းပြည်နယ်(တောင်ပိုင်း)၊ နမ့်စန်ခရိုင်၊ ကွန်ဟိန်းမြို့နယ်ရွေးကောက်ပွဲကော်မရှင်အဖွဲ့ခွဲရုံးမှ ကြီးမှူး၍ ကျင်းပပြုလုပ်သည့် မဲဆန္ဒရှင် အသိပညာပေးခြင်းနှင့် မြန်မာအီလက်ထရောနစ်မဲပေးစက်အသုံးပြု၍ လက်တွေ့စမ်းသပ်မဲပေးခြင်းကို ယနေ့နံနက် (၁၀) နာရီက နမ့်ပန်ခန်းမတွင် ကျင်းပပြုလုပ်ခဲ့ကြောင်း သိရသည်။

ရှေ;ဦးစွာ မြို့နယ်စီမံခန့်ခွဲရေးနှင့်အုပ်ချုပ်ရေးကောင်မတီဥက္ကဋ္ဌ ဦးဝင်းနိုင်က အဖွင့်အမှာစကားပြောကြားခဲ့သည်။ ထို့နောက် မြို့နယ်ရွေးကောက်ပွဲကော်မရှင် အဖွဲ့ခွဲရုံးမှ ဦးစီးအရာရှိ ဦးဗန်ကယ်မီလျာမှ (MEVM) မဲပေးစက်နှင့် စပ်လျဥ်း၍  ရှင်းလင်းပြောကြားခဲ့ကြောင်း သိရသည်။

ယင်းနောက် မြို့နယ်စီမံခန့်ခွဲရေးနှင့် အုပ်ချုပ်ရေးကော်မတီဥက္ကဋ္ဌနှင့် အဖွဲ့ဝင်များ၊ ဌာနဆိုင်ရာတာဝန်ရှိသူများက ဦးဆောင်၍ ပြည်သူများနှင့် အတူတကွ မဲပေးစက်အား လက်တွေ့စမ်းသပ်ဆန္ဒမဲပေးခြင်းကို ဆောင်ရွက်ခဲ့ကြောင်း သိရသည်။

(မြို့နယ်ပြန်/ဆက်)