နိုင်ငံ့ဝန်ထမ်း အငြိမ်းစားဝန်ထမ်းများအား စားအုန်းဆီများ ဈေးနှုန်းချိုသာစွာရောင်းချပေး

သုံးခွ သြဂုတ် ၂၂

ရန်ကုန်တိုင်းဒေသကြီး သန်လျင်ခရိုင် သုံးခွမြို့နယ် မြန်မာ့စီးပွားရေဘဏ်ခွဲတွင် ပင်စင်လစာထုတ်ယူနေလျက်ရှိသည့် အငြိမ်းစားဝန်ထမ်းများအား စားအုန်းဆီများကို သြဂုတ် ၂နေ့နံနက် ၇ နာရီမှစတင်၍ ဈေးနှုန်းချိုသာစွာ ရောင်းချပေးလျက်ရှိကြောင်း သိရသည်။

ယင်းသို့ ရောင်းချရာတွင် ရန်ကုန်တိုင်းဒေသကြီး စားအုန်းဆီအိမ်တိုင်ရာရောက် ဖြန့်ဖြူးရောင်းချရေးကော်မတီ၏ စီစဉ်ကြီးကြပ်မှုဖြင့် နိုင်ငံ့ဝန်ထမ်းအငြိမ်းစားဝန်ထမ်းများအား ဖြန့်ဖြူးရောင်းချရေးခြင်းဖြစ်ပြီး အငြိမ်းစားဝန်ထမ်းတစ်ဦးလျှင် စားအုန်းဆီ ၂ ပိဿာ ၅၀ ကျပ်သားပါတစ်ဘူး (၂၁၀၀၀)ကျပ်နှုန်းဖြင့် ရောင်းချပေးလျက်ရှိကြောင်း သိရသည်။

သုံးခွမြို့နယ်တွင် အငြိမ်းစားဝန်ထမ်း(၁၂၀၆)ဦးရှိရာ ၎င်းပင်စင်စားများအား ရန်ကုန်တိုင်းဒေသကြီး စားအုန်းဆီအိမ်တိုင်ရာရောက် ဖြန့်ဖြူးရောင်းချရေးကော်မတီ၏ စီစဉ်ကြီးကြပ်မှုဖြင့် စားအုန်းဆီများအား ဈေးနှုန်းချိုသာစွာ လာရောက်ရောင်းချပေးလျက်ရှိကြောင်း သိရသည်။

စည်သူလင်း (ပြန်/ဆက်)