ကျေးသီးမြို့နယ်၌ နိုင်ငံဝန်ထမ်း(အငြိမ်းစား)များအား (UID) ကတ်များ ပြုလုပ်ပေး

ကျေးသီး ဩဂုတ် ၂၂

လူဝင်မှုကြီးကြပ်ရေးနှင့်ပြည်သူ့အင်အားဝန်ကြီးဌာန၊ ရှမ်းပြည်နယ်(တောင်ပိုင်း)၊ ကျေးသီးမြို့နယ် ဦးစီးမှူးရုံးမှ ဝန်ထမ်းများက မြို့နယ်အတွင်းရှိ အငြိမ်းစားဝန်ထမ်းများအား ပင်စင်ထုတ်ပေးသည့် ကျေးသီးမြန်မာ့စီးပွားရေးဘဏ်တွင် Biometric စက်ဖြင့် UID ကတ်များကို ယမန်နေ့နံနက် ၉ နာရီက  ဆောင်ရွက်ပေးလျက်ရှိကြောင်း သိရသည်။

ထို့သိုဆောင်ရွက်ပေးရာတွင် လူဝင်မှုကြီးကြပ်ရေးနှင့်ပြည်သူ့အင်အားဝန်ကြီးဌာနက ထုတ်ပေးသော အငြိမ်းစားများ၏ အချက်အလက်များအား မြန်မာ့စီးပွားရေးဘဏ်၏ Centrelized e-Pension Program တွင် ထည့်သွင်းနိုင်မည်ဖြစ်သည့်အတွက် (UID)နံပါတ် ရရှိခြင်းမရှိသေးသူများကိုလည်း ဆက်သွယ်ဆောင်ရွက်ပေးလျက်ရှိရာ မြန်မာ့စီးပွားရေးဘဏ်တွင် အငြိမ်းစားပင်စင်ထုတ်ယူသူများအား (UID) နံပါတ်ရရှိခြင်း မရှိသေးသူများကို Biometric အချက်အလက်များ စိစစ်ကောက်ယူခြင်း၊ မျက်လုံး scan ဖတ်ခြင်း၊ လက်ဗွေ scan ဖတ်ခြင်း၊ လိုအပ်သည့်ကိုယ်ရေးအချက်အလက်များ ထည့်သွင်းခြင်းတို့ပြုလုပ်ကာ (UID)နံပါတ်များထုတ်ပေးခြင်း ဆောင်ရွက်သွားမည်ဖြစ်ကြောင်း သိရသည်။

ကျေးသီးမြို့နယ်တွင် နိုင်ငံ့ဝန်ထမ်းအငြိမ်းစားများအား UID ဆောင်ရွက်ခြင်း မရှိသေးသူများကို One Stop Service ဖြင့် မြို့နယ်လူဝင်မှုကြီးကြပ်ရေးနှင့်ပြည်သူ့အင်အားဝန်ကြီးဌာန မြို့နယ်ဦးစီးရုံးမှ ဝန်ထမ်းများမှ UID ကတ်များ ဆောင်ရွက်ပေးလျက်ရှိကြောင်း သိရသည်။

စိုင်းငင်း (ပြန်/ဆက်)