ဒဂုံမြို့သစ်(ဆိပ်ကမ်း)မြို့နယ်၌ ရှေးဦးပြုစုခြင်းအခြေခံ(၅/၂၀၂၅) သင်တန်းဆင်းပွဲ ကျင်းပ

ဒဂုံ(ဆိပ်ကမ်း) ဩဂုတ်လ ၂၂

ရန်ကုန်တိုင်းဒေသကြီး၊ ဒဂုံမြို့သစ်ခရိုင်၊ ဒဂုံမြို့သစ်(ဆိပ်ကမ်း)မြို့နယ်၌ အခြေခံပညာဦးစီးဌာနနှင့် မြို့နယ်ကြက်ခြနီအသင်းခွဲ/တပ်ဖွဲ့တို့ပူးပေါင်း၍ ရှေးဦးပြုစုခြင်းအခြေခံသင်တန်း(၅/၂၀၂၅)ဆင်းပွဲကို ဩဂုတ်လ ၂၀ ရက်နေ့ မွန်းလွဲ ၄ နာရီက အမှတ်(၅)အခြေခံပညာအထက်တန်းကျောင်းခန်းမတွင် ကျင်းပခဲ့ကြောင်းသိရသည်။

အခမ်းအနားတွင် မြို့နယ်ပညာရေးမှူးဦးဇော်မျိုးထွဋ်က ယခုလိုရှေးဦးပြုစုခြင်းအခြေခံသင်တန်းများအားလာရောက်ဖွင့်လှစ်ပေးပါသော မြို့နယ်ကြက်ခြေနီ အသင်းခွဲ/တပ်ဖွဲ့အား ကျေးဇူးတင်ရှိပါကြောင်းနှင့် ကျောင်းသား/သူများအနေဖြင့် သင်တန်းမှသင်ယူခဲ့ရသောစာတွေ့၊ လက်တွေ့သင်ခန်းစာများအား လိုအပ်သောနေရာ/အချိန်တွင် အကျိုးရှိရှိအသုံးချသွားကြရန်လိုအပ်ကြောင်းအမှာစကားပြောကြားခဲ့သည်။ ထို့နောက် မြို့နယ်ကြက်ခြေနီတပ်ဖွဲ့မှူးနှင့် နည်းပြဆရာ/မများက သင်တန်းတွင်စာတွေ့၊ လက်တွေ့သင်ခန်းစာများအား ထူးချွန်စွာဖြေဆိုအောင်မြင်ခဲ့သော သင်တန်းသား/သူများအား ထူးချွန်ဆုများနှင့်သင်တန်းဆင်း အောင်လက်မှတ်များပေးအပ်ခဲ့ကြောင်းသိရသည်။

 ဖြိုးစန္ဒာ(ပြန်/ဆက်)