မှော်ဘီ ဩဂုတ် ၂၂
ရန်ကုန်တိုင်းဒေသကြီး၊ မှော်ဘီခရိုင်၊ မှော်ဘီမြို့နယ် ကျေးလက်ဒေသဖွံ့ဖြိုးတိုးရေးဦးစီးဌာနမှ ရွာဖွံ့ဖြိုးတိုးတက်ရေးစီမံကိန်းမြစိမ်းရောင်အတိုးရငွေ(၅၀%)နှင့် ပြည်သူထည့်ဝင်ငွေဖြင့် ရွာတွင်းလမ်း ကွန်ကရစ်ခင်းရန်လုပ်ငန်းများဆောင်ရွက်နိုင်ရန်အတွက် ကွင်းဆင်းတိုင်းတာခြင်းကို ဩဂုတ်လ ၂၀ ရက်နေ့ နံနက်ပိုင်းအချိန်က ဆင်ကူး(သိုက်ကုန်း)ကျေးရွာတွင် ကွင်းဆင်းဆောင်ရွက်ခဲ့ကြောင်းသိရသည်။
မှော်ဘီမြို့နယ်တွင် ကျေးရွာဖွံ့ဖြိုးတိုးတက်ရေးစီမံကိန်းလုပ်ငန်းများအား ကျေးလက်ဒေသဖွံ့ဖြိုးတိုးဦးစီးဌာနမှ စဥ်ဆက်မပျက်ဆောင်ရွက်လျက်ရှိရာ ဆင်ကူး (သိုက်ကုန်း)ကျေးရွာတွင် ကျေးရွာကော်မတီဝင်များ၊ ပြည်သူများနှင့်တွေ့ဆုံကာ မြစိမ်းရောင်စီမံကိန်းအတိုးရငွေ(၅၀)%နှင့် ပြည်သူထည့်ဝင်ငွေများဖြင့် ကျေးရွာဝင်လမ်းအား အကောင်အထည်ဖော်ဆောင်ရွက်နိုင်ရေးအတွက် မြစိမ်းရောင်ကော်မတီဝင်များ၊ ကျေးရွာသူ၊ ကျေးရွာသားများနှင့်တွေ့ဆုံဆွေးနွေး၍ ကျေးရွာဝင်လမ်းအား မြို့နယ်ကျေးလက်ဒေသဖွံ့ဖြိုးတိုးတက်ရေးဦးစီးဌာနမှ ဦးစီးမှူးဦးစိုးကျော်သူနှင့် တာဝန်ခံအင်ဂျင်နီယာများ၊ ကျေးရွာကော်မတီဝင်များပူးပေါင်း၍ ရွာဝင်လမ်းအား ကွင်းဆင်းတိုင်းတာခဲ့ကြောင်းသိရသည်။
မြို့နယ်(ပြန်/ဆက်)