သန်လျင်မြို့နယ် ကျေးလက်နေပြည်သူများအား (အခမဲ့)ကျန်းမာရေးစောင့်ရှောက်မှုပေးခြင်းဆောင်ရွက်

ရန်ကုန် သြဂုတ် ၂၂

သန်လျင်ခရိုင်၊ သန်လျင်မြို့နယ်၌ ကျေးလက်နေပြည်သူများအား (အခမဲ့)ကျန်းမာရေးစောင့်ရှောက်မှုပေးခြင်းကို ယမန်နေ့နံနက် ၉ နာရီအချိန်က မြို့သစ်ရပ်ကွက်နှင့်သပြေကန်ကျေးရွာတို့ရှိ ကျန်းမာရေးဆေးခန်းများ၌ ဆောင်ရွက်ခဲ့ကြသည်။

ထိုသို့ဆောင်ရွက်ရာတွင် သန်လျင်မြို့နယ် ပြည်သူ့ကျန်းမာရေးဦးစီးဌာနမှူး ဒေါက်တာစံလင်းဦးဆောင်သော ကျန်းမာရေးဝန်ထမ်းများကအဖွဲ့များခွဲကာ မိုးရာသီကာလအတွင်းခြင်ကြောင့်ဖြစ်ပွားတတ်သည့် ရောဂါအကြောင်းအရာများနှင့်ပတ်သတ်၍ အသိပညာပေးဟောပြောခဲ့ပြီး ပြည်သူများအား(အခမဲ့)ကျန်းမာရေးစောင့်ရှောက်မှုပေးခြင်းများဆောင်ရွက်ခဲ့ကြသည်။

အလားတူ ကျန်ရှိနေသေးသည့်ရပ်ကွက်ကျေးရွာများ၌လည်း (အခမဲ့)ကျန်းမာရေးစောင့်ရှောက်မှုပေးခြင်းများ ဆက်လက်ဆောင်ရွက်ပေးသွားမည်ဖြစ်ကြောင်း သန်လျင်မြို့နယ် ပြည်သူ့ကျန်းမာရေးဦးစီးဌာနမှူး ဒေါက်တာစံလင်းထံမှသိရသည်။

ဖြိုးသီဟ(သန်လျင်)