အင်းစိန်မြို့နယ် လူထုအခြေပြုဗဟိုဌာန၌ သဘာဝဘေးအန္တရာယ်အကြောင်းအသိပညာပေး ဟောပြောပွဲ၊ ပြိုင်ပွဲ၊ ပြပွဲများ ကျင်းပပြုလုပ်

အင်းစိန် ဩဂုတ် ၂၂

ရန်ကုန်တိုင်းဒေသကြီး၊ အင်းစိန်ခရိုင်၊ အင်းစိန်မြို့နယ် လူထုအခြေပြုဗဟိုဌာန(Community Centre)ခန်းမ၌ ဩဂုတ်လ ၂၀ ရက်နေ့နံနက်ပိုင်းက သဘာဝဘေး အန္တရာယ်အကြောင်းအသိပညာပေးဟောပြောပွဲ၊ မြန်မာစာ၊ အင်္ဂလိပ်စာ၊ စာဖတ်စွမ်းရည်၊ ကဗျာ၊ ပုံပြော၊ ဉာဏ်စမ်း၊ စိတ်ကြိုက်ပန်းချီပြိုင်ပွဲများ ကျင်းပပြုလုပ်ခဲ့သည်။

ဟောပြောပွဲတွင် ပြန်ကြားရေးနှင့်ပြည်သူ့ဆက်ဆံရေးဦးစီးဌာန၊ လက်ထောက်ညွှန်ကြားရေးမှူးဒေါ်စန္ဓာထွန်းက သဘာဝဘေးအန္တရာယ်များနှင့်ငလျင်ဘေးအန္တ ရာယ်အ‌ကြောင်းကို အသိပညာပေးဟောပြောခဲ့သည်။ ထို့နောက်ပြိုင်ပွဲများကိုဆက်လက်ကျင်းပရာ ကျောင်းသား၊ ကျောင်းသူများကမြန်မာစာ၊ အင်္ဂလိပ်၊ စာဖတ်စွမ်းရည်၊ ကဗျာ၊ ပုံပြော၊ ဉာဏ်စမ်း၊ စိတ်ကြိုက်ပန်းချီပြိုင်ပွဲများကို ပါဝင်ယှဉ်ပြိုင်ကစားခဲ့ကြပြီး အကောင်းဆုံးယှဉ်ပြိုင်နိုင်သော ကျောင်းသား၊ ကျောင်းသူများအား ဆုလက်ဆောင်များပေးအပ်ချီးမြှင့်ခဲ့သည်။

ဆုချီးမြှင့်ပွဲအပြီးတွင် ပြန်ကြားရေးနှင့်ပြည်သူ့ဆက်ဆံရေးဦးစီးဌာနကပြသထားသော အသိပညာပေးနံရံကပ်စာစောင်များနှင့် သုတ၊ ရသ စာအုပ် စာစောင်များကို ကျောင်းသား၊ ကျောင်းသူများက  စိတ်ပါဝင်စားစွာကြည့်ရှု‌ခဲ့ကြောင်းသိရသည်။

ထွန်းလင်းကျော်(ပြန်/ဆက်)