ကလောစီမံခန့်ခွဲရေးနှင့် အုပ်ချုပ်ရေးကော်မတီဥက္ကဋ္ဌ ရေလယ်ဧည့်ခန်းမနှင့် ဖောင်တော်ဦးဘုရားပြုပြင်မွမ်းမံမှုလုပ်ငန်းများ အချိန်မီပြီးစီးရေး ကွင်းဆင်းစစ်ဆေး

ညောင်ရွှေ ဩဂုတ် ၂၁

ရှမ်းပြည်နယ်၊ ကလောခရိုင် စီမံခန့်ခွဲရေးနှင့်အုပ်ချုပ်ရေးကော်မတီဥက္ကဋ္ဌ ဦးစိုးမြင့်သည် တာဝန်ရှိသူများနှင့်အတူ ယမန်နေ့ မွန်းလွဲပိုင်းက မန္တလေးငလျင်ကြီးဒဏ်ကြောင့် ထိခိုက်ပျက်စီးခဲ့သည့် ညောင်ရွှေမြို့နယ် အင်းလေးကန်အတွင်းရှိ ရေလယ်ဧည့်ခန်းမ ပြန်လည်ပြုပြင်တည်ဆောက်ရေးလုပ်ငန်းများကို ကြည့်ရှုစစ်ဆေးဆောင်ရွက်ခဲ့သည်။

ဆက်လက်၍ စီမံခန့်ခွဲရေးနှင့်အုပ်ချုပ်ရေးကော်မတီဥက္ကဋ္ဌနှင့် တာဝန်ရှိသူများသည် အင်းလေးဖောင်တော်ဦးဘုရား ရတနာစံကျောင်းတော်သို့ရောက်ရှိပြီး စံကျောင်းတော်ပြုပြင်မွမ်းမံရေးလုပ်ငန်းများဖြစ်သည့် ရင်ပြင်တော်ကျောက်ပြားခင်းနေမှု၊ မုခ်ဦးနှင့် လှေခါးများတည်ဆောက်နေမှု၊ စံကျောင်းတော်အောက်ခြေတိုင်များ၊ ဝရန်တာနှင့် စင်္ကြန်လမ်း ပြုပြင်မွမ်းမံမှုလုပ်ငန်းများနှင့် ကရဝိက်ဖောင်တော်ထားရှိရာ အဆောက်အဦဆောက်လုပ်ပြီးစီးမှုတို့ကို လှည့်လည်ကြည့်ရှုစစ်ဆေးရာ ဂေါပကအဖွဲ့ဥက္ကဋ္ဌနှင့် တာဝန်ရှိသူများက လိုက်လံရှင်းလင်း ပြသခဲ့ကြောင်း သိရသည်။

စိုင်းအယ်ဘဲ