ညောင်ရွှေ ဩဂုတ် ၂၁
ရှမ်းပြည်နယ်၊ ညောင်ရွှေမြို့နယ်အတွင်းသို့ အကြမ်းဖက်ဖြစ်စဉ်များကြောင့် နေရပ်စွန့်ခွာနေရသည့် ပြည်သူများအား အမျိုးသားသဘာဝဘေးအန္တရာယ်ဆိုင်ရာစီမံခန့်ခွဲမှုရန်ပုံငွေမှ ပေးအပ်သော ထောက်ပံ့ငွေများ ပေးအပ်ခြင်းအခမ်းအနားကို ယမန်နေ့နံနက် ၁၀ နာရီက မြို့နယ်အထွေထွေအုပ်ချုပ်ရေးဦးစီးဌာန အစည်းအဝေးခန်းမ၌ ကျင်းပခဲ့သည်။
ရှေးဦးစွာ မြို့နယ်စီမံခန့်ခွဲရေးနှင့်အုပ်ချုပ်ရေးကော်မတီဥက္ကဋ္ဌ ဦးကျော်စွာလင်းက ထောက်ပံ့ငွေများ ပေးအပ်ရခြင်းနှင့်စပ်လျဉ်း၍ အမှာစကားပြောကြားပြီး မြို့နယ်စီမံခန့်ခွဲရေးနှင့် အုပ်ချုပ်ရေးဥက္ကဋ္ဌနှင့် အဖွဲ့ဝင်များက ယာယီနေရပ်စွန့်ခွာလာသည့် ပြည်သူများအတွက် ထောက်ပံ့ငွေများ ပေးအပ်ခဲ့သည်။
ထို့နောက် နေရပ်စွန့်ခွာပြည်သူများကိုယ်စား ကိုယ်စားလှယ်တစ်ဦးက ကျေးဇူးတင်စကားပြောကြားခဲ့ကြောင်းနှင့် ညောင်ရွှေမြို့နယ်အတွင်း ရောက်ရှိနေကြသည့် နေရပ်စွန့်ခွာပြည်သူ ၁၃၄၃၅ ဦးအတွက် တစ်ဦးလျှင် ငွေကျပ် နှစ်သောင်းနှုန်းဖြင့် သုံးလတာအတွက် စုစုပေါင်း ထောက်ပံ့ငွေ ၈၀၆၁၀၀၀၀၀ ကျပ်ကို ပေးအပ်ခဲ့ကြောင်း သိရသည်။
မြို့နယ်(ပြန်/ဆက်)