နေပြည်တော်ကောင်စီဥက္ကဋ္ဌ ဦးသန်းထွန်းဦး ဒက္ခိဏသီရိ စက်မှုလုပ်ငန်းများဖွံ့ဖြိုးရေး ကွင်းဆင်းစစ်ဆေး

နေပြည်‌တော် ဩဂုတ် ၂၂

နေပြည်တော်ကောင်စီဥက္ကဋ္ဌ ဦးသန်းထွန်းဦးသည် တာဝန်ရှိသူများနှင့်အတူ ဒက္ခိဏသီရိစက်မှုဇုန်ရှိ Myanmar New Power Investment Group Co.,Ltd သို့ သွားရောက်ရာ ကုမ္မဏီမှ တာဝန်ရှိသူများက လုပ်ငန်းဆောင်ရွက်နေမှုအခြေ‌အနေများကို ရှင်းလင်းတင်ပြကြပြီး နေပြည်တော်ကောင်စီဥက္ကဋ္ဌ ဦးသန်းထွန်းဦးက စက်ရုံအတွင်း Ev မော်တော်ဆိုင်ကယ်များ တပ်ဆင်ထုတ်လုပ်နေမှုကို ကြည့်ရှုစစ်ဆေးခဲ့သည်။

ဆက်လက်၍ ဒက္ခိဏသီရိစက်မှုဇုန်အတွင်းရှိ ဘုရင်ရေသန့်ရေခဲနှင့် ရေသန့်ထုတ်လုပ်ခြင်းလုပ်ငန်း၊ Myanmar New Power Investment Group Co.,Ltd ၏ ဆိုလာနှင့် ဆက်စပ်ပစ္စည်းများ တပ်ဆင်ထုတ်လုပ်မည့် စက်ရုံတည်ဆောက်ခြင်းလုပ်ငန်း၊ Ev ကားတပ်ဆင်ထုတ်လုပ်မည့် စက်ရုံတည်ဆောက်ခြင်းလုပ်ငန်းနှင့် Eon Saw Mon ကုမ္မဏီ၏ တန်ဖိုးမြှင့် ဝါးပေါင်းသားယင်းလိပ်ထုတ်လုပ်နေသည့် လုပ်ငန်းများအား လှည့်လည်ကြည့်ရှုစစ်ဆေးခဲ့ပြီး တာဝန်ရှိသူများအား လိုအပ်သည်များ မှာကြားခဲ့‌‌ကြောင်း သိရသည်။

အောင်သူရဦး(ပြန်/ဆက်)