‎မဟာအောင်မြေမြို့နယ် မဟာ‌မြိုင် ၁ ရပ်ကွက်၌ မဲပေးစက်ဆိုင်ရာ အသိပညာပေးခြင်းနှင့် လက်တွေ့စမ်းသပ်မဲပေးခြင်းအခမ်းအနားကျင်းပ

မဟာအောင်မြေ ဩဂုတ် ၂၂

မန္တလေးတိုင်းဒေသကြီး၊ မဟာအောင်မြေခရိုင်၊ မဟာအောင်မြေမြို့နယ်ရွေးကောက်ပွဲကော်မရှင်အဖွဲ့ခွဲအနေဖြင့် မဟာ‌မြိုင် ၁ ရပ်ကွက်အတွင်းရှိ အများပြည်သူများကို မဲပေးစက်ဆိုင်ရာ အသိပညာပေးခြင်းနှင့် လက်တွေ့စမ်းသပ်မဲပေးခြင်းအခမ်းအနားကို ယနေ့နံနက် ၁၁ နာရီက မဟာအောင်မြေမြို့နယ် မဟာ‌မြိုင် ၁ ရပ်ကွက်အုပ်ချုပ်‌ရေးမှူးရုံး၌ ကျင်းပခဲ့သည်။

ရှေးဦးစွာ မဟာအောင်မြေမြို့နယ်၊ မြို့နယ်ရွေးကောက်ပွဲကော်မရှင်အဖွဲ့ခွဲဥက္ကဋ္ဌ ဦးမျိုးဝင်းက မဲပေးစက်ဆိုင်ရာ အသိပညာပေးခြင်းနှင့်မဲပေးစက်ဖွဲ့စည်းတည်ဆောက်ပုံ၊ အီလက်ထရောနစ် မဲပေးစက်များတပ်ဆင်ပုံ၊ မဲပေးချိန်နှင့် မဲရေတွက်ချိန်တို့တွင် ထိန်းချုပ်စက်ကိုင်တွယ် အသုံးပြုပုံနည်းစနစ်များကို ရှင်းလင်းပြသခဲ့ပြီး တက်ရောက်လာသူ တစ်ဦးချင်းစီက မြန်မာအီလက်ထရောနစ်မဲပေးစက်ဖြင့် ကိုယ်တိုင်စမ်းသပ်မဲပေးခြင်းများကို လက်တွေ့ဆောင်ရွက်ခဲ့ကြသည်။

အဆိုပါ မဲပေးစက်ဆိုင်ရာ အသိပညာပေးခြင်းနှင့် လက်တွေ့စမ်းသပ်မဲပေးခြင်းများကို မဟာအောင်မြေမြို့နယ် မဟာ‌မြိုင် ၁ ရပ်ကွက်အတွင်းရှိ အများပြည်သူများအား လက်တွေ့စမ်းသပ်မဲပေးခြင်းများလုပ်ဆောင်ခဲ့ကြောင်း  မြို့နယ်ရွေးကောက်ပွဲကော်မရှင်အဖွဲ့ခွဲမှ သိရသည်။

အောင်ဇော်မင်း