ကော့မှူး ဩဂုတ် ၂၂
တွံတေးခရိုင်အမျိုးသမီးရေးအဖွဲ့၊ မြို့နယ်အမျိုးသမီးရေးရာအဖွဲ့နှင့် မြို့နယ်စည်ပင်သာယာရေးအဖွဲ့တို့ ပူးပေါင်း၍အမှိုက်များကို အမျိုးအစားခွဲခြား၍ စနစ်တကျစွန့်ပစ်စေရန် အသိပညာပေးဟောပြောခြင်းကို ဩဂုတ် ၂၀ ရက်နေ့က ရန်ကုန်တိုင်းဒေသကြီး တွံတေးခရိုင် ကော့မှူးမြို့နယ် အခြေခံပညာအထက်တန်းကျောင်း အ.ထ.က(ထန်းမနိုင်)ကျောင်း၌ ကျင်းပခဲ့ကြောင်း သိရသည်။
ဟောပြောရာတွင် မြို့နယ်စည်ပင်သာယာရေးအဖွဲ့မှ လက်ထောက်ညွှန်ကြားရေးမှူး ဦးတင်ထွန်းအောင်က ပြောကြားရာတွင် ခြောက်သွေ့သောစက္ကူ၊ ကတ်ထူစက္ကူ၊ သံတိုသံစ၊ ပိတ်စ၊ သစ်သားစတဲ့ စွန့်ပစ်ပစ္စည်းတွေကို အမှိုက်ခြောက်အဖြစ် သတ်မှတ်ထားသဖြင့် အဝါရောင်အမှိုက်ပုံးတွင် စွန့်ပစ်ကြရန်၊ အမှိုက်စိုက မီးဖိုချောင်ထွက်ပစ္စည်းများ၊ တစ်ကိုယ်ရေသုံး သန့်ရှင်းရေးပစ္စည်းတွေကို စွန့်ပစ်ဖို့အတွက် အစိမ်းရောင်အမှိုက်ပုံးဖြစ်ကြောင်း၊ ပလတ်စတစ်အမှိုက်အတွက်ကတော့ အပြာရောင်အမှိုကပုံးဖြစ်ကြောင်း၊ လျှပ်စစ်နဲ့ ဓာတုဆိုင်ရာဘေးအန္တရာယ်ပစ္စည်းများကို အနီရောင်အမှိုက်ပုံတွင် စွန့်ပစ်ကြရန် အမှိုက်အမျိုးအစားအလိုက် ဝါ၊ စိမ်း၊ နီ၊ ပြာ၊ ခွဲပြီး အမှိုက်မျာ စနစ်တကျစွန့်ပစ်ကြရန် ပြောကြားခဲ့သည်။
အဆိုပါအသိပညာပေးပွဲသို့ တွံတေးခရိုင် အမျိုးသမီးရေးရာအဖွဲ့ဥက္ကဋ္ဌ ဒေါ်ဇာဇာယမင်းဦးက တာဝန်ရှိသူများ၊ ဌာနဆိုင်ရာများ၊ ဆရာ/ဆရာမများ၊ ကျောင်းသား၊ ကျောင်းသူများ တက်ရောက်ခဲ့ကြကြောင်း သိရသည်။
ကျော်သူရ