နေပြည်တော် ဩဂုတ် ၂၂
ဆေးလိပ်ငွေ့ကင်းစင်ရေး Billboard စိုက်ထူပွဲကို ယမန်နေ့နံနက်ပိုင်းတွင် ပျဉ်းမနား-တောင်ညိုလမ်းမကြီး သပြေကုန်းအဝိုင်းအနီးတွင်ကျင်းပရာ နေပြည်တော်ကောင်စီဥက္ကဋ္ဌ ဦးသန်းထွန်းဦး၊ နေပြည်တော်စည်ပင်သာယာကော်မတီ ဒုတိယမြို့တော်နှင့် တာဝန်ရှိသူများက "နေပြည်တော်တစ်ခွင် ဆေးလိပ်ငွေ့ကင်းစင်ဖို့ အားလုံးပါဝင်ဆောင်ရွက်စို့" Billboard အား ဖဲကြိုးဖြတ်ဖွင့်လှစ်ပေးကြသည်။
ထို့နောက် မှတ်တမ်းတင်ဓာတ်ပုံရိုက်ကူးကြပြီး နေပြည်တော်ကောင်စီဥက္ကဋ္ဌ ဦးသန်းထွန်းဦးက ဘင်ခရာအဖွဲ့နှင့် ပန်းပွားအဖွဲ့အား ဂုဏ်ပြုချီးမြှင့်ငွေများပေးအပ်ခဲ့ပြီး အခမ်းအနားသို့ တက်ရောက်လာသူများအား နေပြည်တော်ကောင်စီဥက္ကဋ္ဌ ဦးသန်းထွန်းဦးက ရင်းရင်းနှီးနှီး လိုက်လံနှုတ်ဆက်ခဲ့သည်။
ထို့နောက် ဇမ္ဗူသီရိမြို့နယ် အမှတ်(၃) အခြေခံပညာအလယ်တန်းကျောင်းသို့ သွားရောက်ပြီး ဆေးလိပ်ငွေ့ကင်းစင်ရေး ကျောင်းအတွင်းလှုပ်ရှားမှုအဖြစ် ပြသထားသော မှတ်တမ်းဓာတ်ပုံများကို ကြည့်ရှုခြင်း၊ ဉာဏ်စမ်းပဟေဠိမေးမြန်းခြင်းနှင့် အသိပညာပေးဟောပြောပွဲ ဆောင်ရွက်နေမှုများကို လှည့်လည်ကြည့်ရှုအားပေးခဲ့ကြောင်း သိရသည်။
အောင်သူရဦး(ပြန်/ဆက်)