ထန်းတပင် သြဂုတ် ၂၂
ရန်ကုန်တိုင်းဒေသကြီး၊ ထန်းတပင်မြို့နယ် ပြန်ကြားရေးနှင့်ပြည်သူ့ဆက်ဆံရေးဦးစီးဌာနမှ ကျောင်းသား၊ ကျောင်းသူများအား အသိပညာဗဟုသုတတိုးပွားစေရေးနှင့် စာဖတ်ရှိန်မြှင့်တင်ရေးအတွက် နယ်လှည့်စာကြည့်တိုက် ကွင်းဆင်းဆောင်ရွက်ခြင်းကို သြဂုတ်လ (၂၀) ရက်နေ့က ကျောင်းကုန်းကျေးရွာ၊ အခြေခံပညာအလယ်တန်းကျောင်း(ခွဲ)တွင် ဆောင်ရွက်ခဲ့ကြောင်း သိရသည်။
နယ်လှည့်စာကြည့်တိုက် ကွင်းဆင်းဆောင်ရွက်ရာတွင်လည်း ပြန်ကြားရေးနှင့်ပြည်သူ့ဆက်ဆံရေးဦးစီးဌာန ဒုတိယဦးစီးမှူး ဒေါ်ဆုလှိုင်နှင့် ဝန်ထမ်းများက ကျောင်းသား/ကျောင်းသူများ လေ့လာဖတ်ရှုနိုင်ရန်အတွက် သုတ/ရသစာအုပ်များ၊ ဂျာနယ်စာစောင်များ သယ်ဆောင်၍ သွားရောက်ဆောင်ရွက်ခဲ့ခြင်းဖြစ်ပြီး ကျောင်းသား/ ကျောင်းသူ (၁၀၀) ကျော်တို့ ငှားရမ်းဖတ်ရှုလေ့လာခဲ့ကြကြောင်း သိရသည်။
နယ်လှည့်စာကြည့်တိုက်ဆောင်ရွက်ခြင်းဖြင့် ကျောင်းသား၊ ကျောင်းသူများ ကျောင်းစာအပြင် ပြင်ပဗဟုသုတများ ရရှိစေနိုင်သည့် သုတ/ရသ စာအုပ်၊ စာစောင်များကို လေ့လာဖတ်ရှုနိုင်ခြင်း၊ စာဖတ်သည့် အလေ့အထများ တိုးပွားလာစေနိုင်ခြင်း၊ မိမိဖတ်ရှုလိုသည့် စာအုပ်၊ စာစောင်များကို စာကြည့်တိုက်သို့ သွားရောက်၍ ရှာဖွေဖတ်ရှုတတ်စေရန် ရည်ရွယ်၍ ဆောင်ရွက်ပေးခြင်းဖြစ်ကြောင်းလည်း သိရသည်။
ဇင်မင်းထိုက်