စမ်းချောင်းမြို့နယ် လူထုအခြေပြုဗဟိုဌာန၌ စာပေချစ်မြတ်နိုးသူများ Book Club အသင်းအဖွဲဝင်များနှင့် စာဖတ်ဝိုင်း ကျင်းပ

စမ်းချောင်း ဩဂုတ် ၂၂

ရန်ကုန်တိုင်းဒေသကြီး၊ အလုံခရိုင်၊ စမ်းချောင်းမြို့နယ် လူထုအ​​ခြေပြုဗဟိုဌာန Community Centre ခန်းမဩဂုတ် ၂၀ ရက်နေ့မွန်းလွဲ (၁)နာရီက စာအုပ်စာ​စောင်ချစ်မြတ်နိုးသူများ Book Club အသင်းအဖွဲ့ဝင်များနှင့် စာဖတ်ဝိုင်းကျင်းပပြုလုပ်ခဲ့ကြောင်း သိရသည်။

ဆိုပါစာဖတ်ဝိုင်းတွင် ဆရာတက္ကသိုလ်ဟန်မင်းဦးက အဖွင့်အမှာစကားပြောကြားခဲ့ပြီး၊ ဆရာမတင့်တယ်ခင်နှင့် ဆရာမညွန့်ညွန့်(ကလော)က မုဒတာစကားပြောကြားခဲ့သည်။ ထို့နောက် ပြန်ကြားရေးနှင့်ပြည်သူ့ဆက်ဆံရေးဦးစီးဌာနမှ ဦးစီးအရာရှိ ဒေါ်ဖြူသွယ်ထွန်းက စာဖတ်ဝိုင်းကျင်းပပြုလုပ်ရခြင်း၏ရည်ရွယ်ချက်အား ရှင်းလင်းပြောကြားခဲ့သည်။

စာဖတ်ဝိုင်းတွင် ဆရာကျော်မောင်မောင်(မြင်း၀င်း)ကျွန်တော်နဲ့စာဖတ်ဝိုင်းများ ရသစာမူအား ဖတ်ကြားဆွေးနွေးခဲ့ရာ Book Club အဖွဲ့ဝင်များက တစ်ဦးချင်း အပြန်အလှန်ဆွေးနွေးခဲ့ကြသည်။

ယင်းနောက်စာဖတ်ဝိုင်းသို့ တက်ရောက်လာသူများက ပြန်ကြားရေးနှင့်ပြည်သူ့ဆက်ဆံရေးဦးစီးဌာနမှ ပြသထားသော အသိပညာပေးနံရံကပ်စာစောင်များကို ​ကြည့်ရှုလေ့လာခဲ့ကြကြောင်း သိရသည်။

ဖြူသွယ်ထွန်း (ပြန်/ဆက်)