အမရပူရမြို့နယ်တွင် ဧရာဝတီမြစ်အတွင်းငါးသားပေါက် ကောင်ရေ ခုနစ်သိန်းစိုက်ထည့်

အမရပူရ သြဂုတ် ၂၂

မန္တလေးတိုင်းဒေသကြီး အမရပူရခရိုင်၊အမရပူရမြို့နယ် ရွှေကြက်ယက်ကျေးရွာအုပ်စု၊ ပန်ခြံ(၂)အနီးရှိ ဧရာဝတီမြစ် အလံတိုင်ဆိပ်ကမ်းတွင် ယနေ့နံနက် ၈ နာရီက ဒေသတွင်း ငါးသယံဇာတပေါများလာစေရည်ရွယ်၍ ငါးမျိုးစိုက်ထည့်ခြင်းကို ဆောင်ရွက်ခဲ့သည်။

အခမ်းအနားသို့ ခရိုင်စီမံခန့်ခွဲရေးနှင့်အုပ်ချုပ်ရေး ကော်မတီဥက္ကဋ္ဌ ဦးတင်ကိုလင်းနှင့်အဖွဲ့ဝင်များ၊ မြို့နယ်စီမံခန့်ခွဲရေးနှင့်အုပ်ချူပ်ရေးကော်မတီဥက္ကဋ္ဌ ဦးစိုးညွန့်ဦးနှင့်အဖွဲ့ဝင်များ၊ ဌာနဆိုင်ရာ ဝန်ထမ်းများနှင့် ငါးလုပ်ငန်းဦးစီးဌာနမှဝန်ထမ်းများက ငါးမျိုးများစိုက်ထည့်ပေးခဲ့ကြသည်။

ယနေ့ ဧရာဝတီမြစ်အတွင်း ငါးမြစ်ချင်းငါးသားပေါက်ကောင်ရေ သုံးသိန်းခွဲနှင့် ထိုင်းငါးခုံးမ ငါးသားပေါက်ကောင်ရေ သုံးသိန်းခွဲ စုစုပေါင်း ငါးသားပေါက် အကောင်ရေ ခုနစ်သိန်း စိုက်ထည့်ခဲ့ကြောင်း ငါးလုပ်ငန်းဦးစီးဌာနမှသိရသည်။

စိုးသီဟ(အမရ)