မန္တလေး ဩဂုတ် ၂၂
မန္တလေးတိုင်းဒေသကြီး ချမ်းအေးသာစံမြို့နယ် လမ်း(၈၀)ပေါ်ရှိ ယူနန်ဗုဒ္ဓဘာသာဘုရားကျောင်း ဂေါပကအဖွဲ့က ဦးစီး၍ မန္တလေးမြို့ ဟွာကျုံး ကျောင်းသားဟောင်းများ လူမှုကူညီရေးအသင်းက (၁၂)ကြိမ်မြောက် သတ္တမပတ် စုပေါင်းဘုံဆွမ်းလောင်းလှူပွဲကို ဩဂုတ် ၂၂ ရက် နံနက် ၆ နာရီက ကျင်းပသည်။
ထိုသို့ ဘုံဆွမ်းလောင်းလှူရာတွင် ဒဟတ္တောကျောင်းတိုက်၊ မဟာဝေယံဘုံသာတိုက်၊ ပတ္တမြားတိုက်နှင့် သင်္ဂဇာကျောင်းတိုက်တို့မှ သံဃာတော်အပါး ၂၅၀တို့အား ပင့်ဖိတ်၍ ယူနန်ဗုဒ္ဓဘာသာဘုရားကျောင်း ဂေါပကအဖွဲ့တာဝန်ရှိသူများနှင့်အတူ မန္တလေးမြို့ ဟွာကျုံး ကျောင်းသားဟောင်းများ လူမှုကူညီရေးအသင်းက ဆွမ်း၊ ဆွမ်းဟင်းများ၊ လှူဖွယ်ပစ္စည်းများနှင့် နဝကမ္မဝတ္ထုငွေများ ဆက်ကပ်လောင်းလှူကြကြောင်းသိရသည်။
မြင့်မော်ထွန်း(အောင်စံ)