လှိုင် ဩဂုတ် ၂၂
ရန်ကုန်တိုင်းဒေသကြီး၊ မရမ်းကုန်းခရိုင်၊ လှိုင်မြို့နယ်၌ မြန်မာအီလက်ထရောနစ်မဲပေးစက် MEVM ဆိုင်ရာ အသိပညာပေးခြင်းနှင့် လက်တွေ့စမ်းသပ်မဲပေးခြင်းအခမ်းအနားကို ဩဂုတ် ၂၀ ရက် နံနက် ၁၀ နာရီအချိန်က အမှတ်(၃)ရပ်ကွက်၊ (၁၁)လမ်းဓမ္မာရုံတွင် ကျင်းပခဲ့သည်။
အဆိုပါ မဲဆန္ဒရှင်ပြည်သူများအား MEVM မဲပေးစက်ဆိုင်ရာ အသိပညာပေးခြင်းနှင့် လက်တွေ့စမ်းသပ်မဲပေးခြင်းအစီအစဉ်ကို ပြုလုပ်ခဲ့ရာ မြို့နယ်စီမံခန့်ခွဲရေးနှင့်အုပ်ချုပ်ရေးကော်မတီဥက္ကဋ္ဌနှင့် အဖွဲ့ဝင်များ၊ မြို့နယ်ရွေးကောက်ပွဲကော်မရှင်အဖွဲ့ခွဲ ဥက္ကဋ္ဌနှင့် အများယုံကြည်အဖွဲ့ဝင်(၃)ဦး၊ ရပ်ကွက်အုပ်ချုပ်ရေးမှူးနှင့်အဖွဲ့ဝင်တို့က ရပ်ကွက်နေပြည်သူများမှ လက်တွေ့စမ်းသပ်မဲပေးနေမှုအား ကြည့်ရှုခဲ့ကြပြီး မဲဆန္ဒရှင်ပြည်သူ ၄၂၀ ဦးတို့မှ လက်တွေ့စမ်းသပ်မဲပေးခဲ့ကြကြောင်း သိရှိရသည်။
ဇော်ဇော်နိုင် (ပြန်/ဆက်)