ဒက္ခိဏသီရိမြို့နယ်၌ မဲဆန္ဒရှင်များအား မဲပေးစက်ဆိုင်ရာအသိပညာပေးခြင်းနှင့် စမ်းသပ်မဲပေးခြင်းဆောင်ရွက်မှုအခမ်းအနား ကျင်းပ

နေပြည်တော် ဩဂုတ် ၂၂

ပြည်ထောင်စုနယ်မြေ၊ နေပြည်တော်၊ ဒက္ခိဏသီရိမြို့နယ်၊ ကြာပင်ကျေးရွာအုပ်စု၊ ထန်းတပင်ကျေးရွာ SMU ခန်းမ၌ ဒက္ခိဏသီရိမြို့နယ်ရှိ မဲဆန္ဒရှင်များအား မဲပေးစက်ဆိုင်ရာအသိပညာပေးခြင်းနှင့် စမ်းသပ်မဲပေးခြင်းဆောင်ရွက်မှုအခမ်းအနား ကျင်းပပြုလုပ်ခဲ့ရာ မြို့နယ်ရွေးကောက်ပွဲကော်မရှင် အဖွဲ့ခွဲရုံးမှ ဦးစီးအရာရှိ ဦးမင်းထက်အောင်၊ မြို့နယ်ကော်မရှင်အဖွဲ့ခွဲဥက္ကဋ္ဌ ဦးစိုးဝင်းမြင့်နှင့်အဖွဲ့၊ မြို့နယ်ထွေအုပ်မှ ဒုမြို့နယ်အုပ်ချုပ်ရေးမှူး ဦးစိုးမိုးကြည်၊ မြို့နယ်လဝကမှူး ဦးသန်းဇော်အောင်၊ ကြာပင်ကျေးရွာအုပ်စု အုပ်ချုပ်ရေးမှူးနှင့် ကြာပင်ကျေးရွာအုပ်စုနေ ပြည်သူများ ၃၀၀ဦးခန့် တက်ရောက်ခဲ့သည်။

ဦးစွာ ဒက္ခိဏသီရိမြို့နယ် ဒုတိယအုပ်ချုပ်ရေးမှူး ဦးစိုးမိုးကြည်မှ မဲစာရင်းများ ကြည့်ရှုခြင်း၊ အမည်စာရင်းမပါရှိပါက ဆောင်ရွက်ရန်အချက်များနှင့်ပတ်သက်၍ ရှင်းလင်းဟောပြောခြင်း၊  ဦးစီးအရာရှိ ဦးမင်းထက်‌အောင်မှ ပြည်သူများအနေဖြင့် MEVM (Myanmar Electronic Voting Machine) စနစ်ဖြင့် မဲပေးပုံပေးနည်းများ၊ မဲပေးစက်နှင့် မဲပေးပုံအဆင့်ဆင့်တို့အား မဲပေးစက်နှစ်လုံးဖြင့် လက်တွေ့သရုပ်ပြမဲပေးခြင်းအား ရှင်းလင်းပြောကြားခြင်း၊ ကျေးရွာအုပ်စုနေပြည်သူများမှ MEVM စနစ်ဖြင့် လက်တွေ့မဲပေးခြင်းလုပ်ငန်းများအား အပိုင်းသုံးပိုင်းခွဲကာ စမ်းသပ်လေ့ကျင့်ဆောင်ရွက်ခဲ့ကြောင်း သိရသည်။

အောင်သူရဦး(ပြန်/ဆက်)