မိုးကောင်းမြို့နယ် နမ္မတီးမြို့၌ မော်တော်ယာဉ်နှင့် မော်တော်ဆိုင်ကယ်မောင်းနှင်သူများအား အန္တရာယ် ကင်းရှင်းရေး အသိပညာပေးဆောင်ရွက်

မိုးကောင်း ဩဂုတ် ၂၁

ကချင်ပြည်နယ်၊ မိုးညှင်းခရိုင်၊ မိုးကောင်းမြို့နယ်၊ နမ္မတီးမြို့၌ မော်တော်ယာဉ်နှင့် မော်တော်ဆိုင်ကယ်မောင်းနင်သူများအား အန္တရာယ်ကင်းရှင်းရေး အသိပညာပေးဆောင်ရွက်ခြင်းကို ယနေ့ နံနက်(၁၀)နာရီတွင် နမ္မတီးမြို့ ဆေးရုံလမ်းမကြီးလမ်းဆုံနှင့် ပြည်ထောင်စုလမ်းမလမ်းဆုံတို့၌ ပြုလုပ်ကြောင်း သိရသည်။

ဆိုင်ကယ်နှင့်မော်တော်ယာဉ်မောင်းနင်သူများ ထိခိုက်မှုမရှိပဲ အသက်အန္တရာယ်ကင်းရှင်းစေရန် ရည်ရွယ်၍ အသိပညာပေး ဆောင်ရွက်ခြင်းဖြစ်ကြောင်း သိရသည်။ အဆိုပါဆောင်ရွက်ရာတွင် မြို့နယ်စီမံခန့်ခွဲရေးနှင့်အုပ်ချုပ်ရေးကော်မတီဥက္ကဋ္ဌ ဦးသီဟဇော် ဦးဆောင်၍ မြို့နယ်ရဲတပ်ဖွဲ့မှူး ရဲမှူးရဲထွန်းအောင်၊ နမ္မတီးနယ်မြေရဲစခန်းမှူး ရဲအုပ်ဝင်းသူအောင်နှင့်တပ်ဖွဲ့ဝင်များက ဖြတ်သန်း သွားလာစီးနင်းမောင်းနင်လာသည့် မော်တော်ဆိုင်ကယ်မောင်နင်သူများအနက် ဆိုင်ကယ်စီး ဦးထုပ်မပါသူများအား ဆိုင်ကယ်စီးဦးထုပ်အခမဲ့ပေးခြင်း၊ “ဆိုင်ကယ်စီးလျှင် ဦးထုတ်ဆောင်းပါ” စာတမ်းပါ အသိပညာပေးစတေကာနှင့်ရောင်ပြန်များကပ်ပေးခြင်း၊ မော်တော်ယာဉ်များတွင် “မော်တော်ယာဉ်မောင်းနင်စဉ်ထိုင်ခုံခါးပတ်ပတ်ပါ” စာတမ်းပါ စတေကာများကပ်ပေးခြင်း၊ လက်ကမ်းစာစောင်များပေးဝေခြင်း၊ လိုင်စင်မဲ့မော်တော်ယာဉ်/ ဆိုင်ကယ်များအား လက်ဝယ် ထားရှိ စီးနင်းခြင်းများမပြုလုပ်ရန် အသိပညာပေး‌ပြောကြားခြင်း၊ ဆိုင်ကယ်များတွင် သတ်မှတ်နံပါတ်ပြားနှင့်ဘက်မှန်များတပ်ဆင်အသုံးပြုရန်၊ ဦးထုပ်ဆောင်းရန်၊ မော်တော်ယာဉ်မောင်း‌နေစဉ် ထိုင်ခုံခါးပတ်ပတ်ထားရန် အသိပညာပေးပြောကြားခဲ့ကြောင်း သိရသည်။

သန်းလွင်ဦး