မင်္ဂလာဒုံမြို့နယ်တွင် အမှတ်(၂၆)အခြေခံပညာမူလတန်း(လွန်)ကျောင်း၌ ယာဉ်အန္တရာယ်၊ လမ်းအန္တရာယ်ကင်းရှင်းစေရေး အသိပညာပေးဟောပြော

မင်္ဂလာဒုံ ဩဂုတ် ၂၁

ရန်ကုန်တိုင်းဒေသကြီး၊ မင်္ဂလာဒုံခရိုင်၊ မင်္ဂလာဒုံမြို့နယ်တွင် ခရိုင်ယာဥ်အန္တရာယ်၊ လမ်းအန္တရာယ်ကင်းရှင်းရေးကော်မတီ၏လမ်းညွှန်မှုအရ ခရိုင်ကြက်ခြေနီကြီးကြပ်မှု‌ကော်မတီမှဦးဆောင်၍ ကျောင်းသား၊ ကျောင်းသူများ ယာဉ်အန္တရာယ်၊ လမ်းအန္တရာယ်ကင်းရှင်းစေရေးအတွက်အမှတ်(၂၆)အခြေခံပညာမူလတန်း (လွန်)ကျောင်းရှိခန်းမ၌ ယမန်နေ့ နံနက် ၉ နာရီက အသိပညာပေးဟောပြောသရုပ်ပြပွဲကိုပြုလုပ်ခဲ့သည်။

ဦးစွာ ခရိုင်ကြက်ခြေနီကြီးကြပ်မှုကော်မတီဥက္ကဋ္ဌဦးဝင်းသီဟက အဖွင့်အမှာစကားပြောကြားပြီး အမှတ်(၂၆)အခြေခံပညာမူလတန်း(လွန်)ကျောင်းမှ ကျောင်း အုပ်ဆရာမကြီးဒေါ်မြင့်မြင့်ဦးကမုဒိတာအမှာစကားပြောကြားသည်။ ထို့နောက် မြို့နယ်ကြက်ခြေနီသူနာပြုတပ်ဖွဲ့ ဒုမြို့နယ် တပ်ဖွဲ့မှူးဦးအောင်သီဟထွန်း၊ ဒုတပ်စုမှူးဒေါ်‌ဝေသဇင်ဖြိုးနှင့်သူနာပြုတပ်ဖွဲ့ဝင်များက ကျောင်းသား၊ ကျောင်းသူများအား ယာဉ်အန္တရာယ်၊ လမ်းအန္တရာယ်ဆိုင်ရာ ဆောင်ရန်/ရှောင်ရန်များနှင့်ပတ်သက်၍ရှင်းလင်းပြောကြားခဲ့ပြီး ကားလမ်းမဘေးအချက်ပြနှင့်အမှတ်အသား ဆိုင်းဘုတ်များကိုင်ဆောင်၍ အသိပညာပေးဟောပြောသရုပ်ပြခဲ့ကြသည်။

ယင်းနောက် မြို့နယ်ကြက်ခြေနီကြီးကြပ်မှု‌ကော်မတီအဖွဲ့ဝင်ဦးဝင်းကိုအောင်က ကျေးဇူးတင်စကားပြောကြားခဲ့ကာ အမှတ်တရလက်ဆောင်ပေးအပ်ခဲ့ရာ ကျောင်းအုပ်ဆရာမကြီးက လက်ခံယူခဲ့ပြီး‌နောက် စုပေါင်းမှတ်တမ်းဓာတ်ပုံရိုက်ကူးခဲ့ကြသည်။ အခမ်းအနားသို့ ဆရာ၊ ဆရာမများ၊ ကျောင်းသား၊ ကျောင်းသူများ(၁၆၅)ဦး တက်ရောက်ခဲ့ကြောင်း သိရသည်။

မင်းသိန်းထွန်း(ပြန်/ဆက်)