လမ်းမတော် သြဂုတ် ၂၁
ရန်ကုန်တိုင်းဒေသကြီး၊ ကျောက်တံတားခရိုင်၊ လမ်းမတော်မြို့နယ်တွင် မြို့နယ်ပြည်သူ့ကျန်းမာရေး ဦးစီးဌာနမှ KG ကျောင်းသား၊ ကျောင်းသူများအား အာဟာရကျွေးမွေးခြင်းလုပ်ငန်းကို အမှတ်(၂) အခြေခံပညာအထက်တန်းကျောင်း၌ ယမန်နေ့နံနက်က ကွင်းဆင်းဆောင်ရွက်ခဲ့ကြကြောင်း သိရသည်။
အဆိုပါ အာဟာရကျွေးမွေးခြင်းဆောင်ရွက်ခြင်းကို လမ်းမတော်မြို့နယ် ပြည်သူ့ကျန်းမာရေးဦးစီးဌာနမှ မြို့နယ်ပြည်သူ့ကျန်းမာရေးဦးစီးဌာနမှူး ဒေါက်တာနီနီအေးဦးဆောင်သောကျန်းမာရေးဝန်ထမ်းများ၊ မြို့နယ်မိခင်နှင့်ကလေးစောင့်ရှောက်ရေးအသင်းဥက္ကဋ္ဌနှင့်အသင်းဝင်များ၊ ဆရာ၊ ဆရာမများ၊ မိဘဆရာအသင်းဝင်များနှင့်အတူ အမှတ်(၂)အခြေခံပညာအထက်တန်းကျောင်း၌ KG ကျောင်းသား/သူများအား အာဟာရအုပ်စု(၅)စုအားရှင်းလင်းပြောကြားခြင်း၊ အာဟာရကျွေးမှု မပြုလုပ်မီလက်ဆေးခြင်း၊ အာဟာရမှုန့်နှင့်ထမင်းရောကျွေးခြင်း၊ အစာစားပြီးချိန်တွင်လက်ဆေးခြင်းနှင့် After Lunch Toothprushing ပြုလုပ်ခြင်းလုပ်ငန်းတို့ကို ဆောင်ရွက်ပေးခဲ့ကြကြောင်း သိရသည်။
မြို့နယ်(ပြန်/ဆက်)