ပန်းဘဲတန်းမြို့နယ် လူထုအခြေပြုဗဟိုဌာန Community Center ခန်းမ၌ ဆေးရောင်ခြယ်ပြိုင်ပွဲကျင်းပပြုလုပ်

ပန်းဘဲတန်း ဩဂုတ် ၂‌‌၁

ကျောက်တံတားခရိုင်၊ ပန်းဘဲတန်းမြို့နယ် ပြန်ကြားရေးနှင့်ပြည်သူ့ဆက်ဆံရေးဦးစီးဌာန လူထုအခြေပြုဗဟိုဌာန Community center ခန်းမ၌ ဩဂုတ်လ ၁၉ ရက်နေ့‌ နေ့လယ် ၁ နာရီ အချိန် က ဆေးရောင်ခြယ်ပြိုင်ပွဲကျင်းပပြုလုပ်ခဲ့သည်။

ထိုသို့ပြုလုပ်ရာ ဆေးရောင်ခြယ်ပြိုင်ပွဲတွင် မူလတန်းအဆင့် ကျောင်းသား၊ ကျောင်းသူ(၃၀)ဦးတို့ကဝင်ရောက်ယှဉ်ပြိုင်ကြပြီး ပြိုင်ပွဲတွင်ဆုရရှိသော ကျောင်း သား၊ ကျောင်းသူလေးများအား တာဝန်ရှိသူများက ဆုများအသီးသီးချီးမြှင့်ခဲ့ကြသည်။

ထို့နောက် ပြန်ကြားရေးနှင့်ပြည်သူ့ဆက်ဆံရေးဦးစီးဌာနကပြသထားသော အသိပညာပေးနံရံကပ်စာစောင်များကို တက်ရောက်လာသူများမှ စိတ်ပါဝင်စားစွာ လေ့လာကြည့်ရှုခဲ့ကြကြောင်းသိရသည်။

မြို့နယ်(ပြန်/ဆက်)