ကလောမြို့နယ်၌ နိုင်ငံ့ဝန်ထမ်းအငြိမ်းစားများ၏ ပင်စင်လစာများ ပုံမှန်ထုတ်ပေး

ကလော ဩဂုတ် ၂၁

ရှမ်းပြည်နယ်တောင်ပိုင်း၊ ကလောမြို့နယ် မြန်မာ့စီးပွားဘဏ်တွင် ဘဏ်မန်နေဂျာနှင့် ဝန်ထမ်းများက ယနေ့နံနက် ၉ နာရီက ကလောမြို့နယ်အတွင်းရှိ နိုင်ငံ့ဝန်ထမ်းအငြိမ်းစားများ၏ ပင်စင်လစာများ ပုံမှန်ထုတ်ပေးလျက်ရှိကြောင်းသိရသည်။

မြန်မာ့စီးပွားရေးဘဏ်အနေဖြင့် ပင်စင်လစာထုတ်ယူကြသော နိုင်ငံ့ဝန်ထမ်းများ၏ အငြိမ်းစားပင်စင်များ လာရောက်ထုတ်ယူရာတွင် ပင်ပန်းမှုမရှိစေဘဲ သက်သာလွယ်ကူစွာ ထုတ်ယူနိုင်ရေးကို အစဉ်အလေးထားဆောင်ရွက်ပေးလျက်ရှိကြောင်း၊ မိဘပင်စင်စားကိုယ်တိုင် မထုတ်ယူနိုင်ပါက ကိုယ်စားလှယ်မှတဆင့် ထုတ်ယူနိုင်ပြီး လက်ရှိပင်စင်လစာထုတ်ယူနေသည့် ဘဏ်ခွဲမှထုတ်ယူရန် ပိုမိုအဆင်ပြေမည့် မိမိနှစ်သက်ရာမြန်မာ့စီးပွားရေးဘဏ်ခွဲသို့ ပြောင်းရွေ့ထုတ်ယူနိုင်ကြောင်း၊ နိုင်ငံ့ဝန်ထမ်းအငြိမ်းစားများ၏ ပင်စင်လစာများထုတ်ပေးရာတွင် အဆင်ပြေစေရန် လူဝင်မှုကြီးကြပ်ရေးနှင့်ပြည်သူ့အင်အားဝန်ကြီးဌာန မြို့နယ်ဦးစီးမှူးရုံးမှ ဝန်ထမ်းများက (UID) စနစ်ဖြင့် Smart Card မပြုလုပ်ရသေးသော နိုင်ငံ့ဝန်ထမ်းအငြိမ်းစားများအား  အချက်အလက်များစိစစ်ကောက်ယူခြင်း၊ မျက်လုံး Scan ဖတ်ခြင်း၊ လက်ဗွေ Scan ဖတ်ခြင်း၊ လိုအပ်သည့်ကိုယ်ရေးအချက်အလက်ထည့်သွင်းခြင်းများ ဆောင်ရွက်ပေးလျက်ရှိကြောင်း သိရသည်။

မြို့နယ်(ပြန်/ဆက်)