ကျောက်ဆည်ခရိုင် လူထုအခြေပြုဗဟိုဌာနတွင် ကျောင်းစာကြည့်တိုက်များဖွံ့ဖြိုးတိုးတက်ရေး အခြေခံစာကြည့်တိုက်ပညာများ ဆက်လက်သင်ကြား

ကျောက်ဆည် ဩဂုတ်၂၁

မန္တလေးတိုင်းဒေသကြီး၊ ကျောက်ဆည်ခရိုင်လူထုအခြေပြုဗဟိုဌာနတွင် ကျောင်းစာကြည့်တိုက်များဖွံ့ဖြိုးတိုးတက်ရေး ခရိုင်ပြန်ကြားရေးနှင့်ပြည်သူ့ဆက်ဆံရေးဦးစီးဌာနနှင့် အခြေခံပညာဦးစီးဌာနတို့ ပူးပေါင်းပြီး ယနေ့နံနက်ပိုင်းကအခြေခံစာကြည့်တိုက်ပညာများ ဆက်လက်သင်ကြားပေးလျက်ရှိကြောင်း သိရသည်။

သင်တန်းသို့ ကျောက်ဆည်မြို့နယ်အတွင်းရှိ အခြေခံပညာအလယ်တန်း၊ အထက်တန်းကျောင်းများမှ ကျောင်းစာကြည့်တိုက်တာဝန်ခံဆရာ/ဆရာမ(၂၂)ဦး  တက်ရောက်ခဲ့ပြီး ကျောက်ဆည်ခရိုင် ပြန်ကြားရေးနှင့်ပြည်သူ့ဆက်ဆံရေးဦးစီးဌာနမှ လက်ထောက်ညွှန်ကြားရေးမှူး ဒေါ်တင်တင်ထွေးနှင့် ဦးစီးအရာရှိ ဒေါ်တင်တင်ထွေးတို့က စာကြည့်တိုက်အဓိပ္ပာယ်၊ စာကြည့်တိုက်ပညာနှင့် ထူးခြားသည့် ဝိသေသနများ၊ စာကြည့်တိုက်အမျိုးအစားများအကြောင်း၊ စာကြည့်တိုက်လုပ်ငန်း စီမံခန့်ခွဲရေး၊ စာစုလုပ်ငန်း၊ စာပြုလုပ်ငန်း၊ မှတ်သားမှုစနစ်၊ ထားသိုမှုစနစ်၊ စာငှားလုပ်ငန်း၊ စာကြည့်တိုက်ပုံမှန်စစ်ဆေးခြင်း၊ စာကြည့်တိုက်ဝန်ဆောင်မှု လုပ်ငန်းမြှင့်တင်ရေး ဆောက်ရွက်သွားရမည့်လုပ်ငန်းစဉ်များ၊ စာကြည့်တိုက်အောင်မြင်ရေး ပြုပြင်ဆောင်ရွက်ရန်အချက်များအား စာတွေ့လက်တွေ့ သင်ကြားပေးလျက်ရှိကြောင်း သိရသည်။

အခြေခံစာကြည့်တိုက်ပညာများ တက်ရောက်သင်ကြားခြင်းဖြင့် ကျောင်းစာကြည့်တိုက်များတွင် တာဝန်ယူဆောင်ရွက်နေရသည့် ဆရာ/ဆရာများအတွက် စာကြည့်တိုက်နှင့်ပတ်သက်သည့် အကြောင်းအရာများကို ယခင်ကထက်ပို၍ ပြည့်ပြည့်စုံစုံသိရှိရပြီး၊ ကျောင်းစာကြည့်တိုက်များ၏ လိုအပ်နေမှုအပိုင်းများနှင့် စာပေ၏အကျိုးကျေးဇူးများအကြောင်းပိုမို သိရှိလာပြီး ကျောင်းသားကျောင်းသူများ ဘက်စုံဖွံ့ဖြိုးတိုးတက်ရေး စာဖတ်ရှိန်မြှင့်တင်ရေးလုပ်ငန်းများ  တိုးမြှင့်လုပ်ဆောင်သွားရမည့်အကြောင်းများ ရရှိကြောင်း မှိုင်းပန်ကျေးရွာ အခြေခံပညာအထက်တန်းကျောင်းခွဲမှ သင်တန်းသား ဦးချမ်းမြေ့အောင်မှ ပြောပြသည်။

သက်မောင်(ကျောက်ဆည်)