မိုင်းနောင်မြို့ရှိ မိဘပင်စင်စားများအား ပင်စင်လစာထုတ်ပေးခြင်းနှင့် (UID)နံပါတ်စာရင်း ကောက်ယူခြင်းများ ဆောင်ရွက်

မိုင်းနောင် သြဂုတ် ၂၁

ရှမ်းပြည်နယ်(တောင်ပိုင်း)၊ မိုင်းနောင်မြို့ မြန်မာ့စီးပွားရေးဘဏ်တွင် မိဘပင်စင်စားများအား ပင်စင်လစာထုတ်ပေးခြင်းနှင့် (UID)နံပါတ်စာရင်းကောက်ယူခြင်းများကို ယနေ့ နံနက်(၉)နာရီအချိန်က ဆောင်ရွက်ပေးကြောင်း သိရှိရသည်။

မိဘပင်စင်စားများ ပင်စင်လစာများထုတ်ပေးခြင်း၊ (UID)နံပါတ်ထုတ်ပေးခြင်းများကို အဆင်ပြေပြေဖြင့် အချိန်ကြန့်ကြာမှုမရှိစေရေးအတွက် သက်ဆိုင်ရာဌာနများမှ တာဝန်ရှိသူများက စာရင်းဇယားနှင့် လိုအပ်သည်များကို ကြိုတင်ပြင်ဆင်ထားလျက်ရှိကြောင်း သိရှိရသည်။

အဆိုပါ ပင်စင်လစာငွေများထုတ်ပေးခြင်းနှင့် (UID)နံပါတ်များစာရင်းကောက်ယူခြင်းကို မြန်မာ့စီးပွားရေးဘဏ်ဝန်ထမ်းများနှင့် လူဝင်မှုကြီးကြပ်ရေးနှင့်ပြည်သူ့အင်အားဝန်ကြီးဌာနမှ ဝန်ထမ်းများက ပူးပေါင်းဆောင်ရွက်ပေးခဲ့ကြောင်း သိရှိရသည်။

မနန်း(မိုင်းနောင်)