တန့်ယန်းမြို့နယ်တွင် မိုးစပါးလျာထားချက် စိုက်ပျိုးဧက (၄၁၅၁၀)ဧကရှိ၍ စိုက်ပျိုးပြီးစီတော့မည်

တန့်ယန်း ဩဂုတ် ၂၁

ရှမ်းပြည်နယ်(မြောက်ပိုင်း) တန့်ယန်းမြို့နယ်တွင် ရာသီအလိုက် စိုက်ပျိုးသီးနှံများကို စိုက်ပျိုးနေရာ အဓိကစိုက်ပျိုးသီးနှံတစ်မျိုးဖြစ်သည့် မိုးစပါးအားစိုက်ပျိုးဧက(၄၁၅၁၀)ရှိ၍ လျာထားချက် ပြည့်မီစွာဖြင့် စိုက်ပျိုးပြီးစီးတော့မည်ဖြစ်ကြောင်း မြို့နယ်စိုက်ပျိုးရေးဦးစီးဌာနမှ သိရသည်။

မြို့နယ်အတွင်းရှိ ကျေးလက်နေပြည်သူအများစုမှာ တောင်သူများဖြစ်ကြ၍ လယ်ယာခြံမြေများကို အားထားစိုက်ပျိုးနေကြရာတွင် အဓိကစိုက်ပျိုးသီးနှံတစ်မျိုးဖြစ်သည့် မိုးစပါးအား ယခုနှစ်တွင် တောင်ယာ၊ ယာ၊ လယ်ယာမြေတို့တွင် စုစုပေါင်းစိုက်ပျိုးဧက(၄၁၅၁၀)ရှိ၍ လျာထားချက် ပြည့်မီစွာဖြင့် စိုက်ပျိုးပြီးစီးတော့မည်ဖြစ်ကြောင်း သိရသည်။

တောင်သူများ၏ လယ်ယာမြေများတွင် လျာထားချက် ပြည့်မီစွာဖြင့် စိုက်ပျိုးနိုင်စေရေးအတွက်နှင့် သီးနှံအထွက်နှုန်း ကောင်းမွန်စေရေးတို့အတွက် မြို့နယ်စိုက်ပျိုးရေးဦးစီးဌာနမှ မြို့နယ်ဦးစီးမှူးနှင့် ဝန်ထမ်းများက အမြဲမပြတ်ကွင်းဆင်းကြီးကြပ်၍ စိုက်ပျိုးရေးနည်းစနစ်များနှင့် လိုအပ်သည့် အကူအညီများအား ဆောင်ရွက်ပေးနေကြောင်း သိရသည်။

မင်းလွင်ဦး(တန့်ယန်း)