စဉ့်ကိုင်မြို့နယ် ရသာ - နန်းနီ- အုန်းလက္ကောက်‌ ကျေးရွာချင်းဆက်လမ်း  အဆင့်မြှင့်တင်

စဉ့်ကိုင် ဩဂုတ် ၂၁

မန္တလေးတိုင်းဒေသကြီး ကျောက်ဆည်ခရိုင် စဉ့်ကိုင်မြို့နယ် ကျေးလက်လမ်းဖွံ့ဖြိုးရေးဦးစီးဌာနမှ ကျေးလက်နေပြည်သူများ လူမှုစီးပွားဘဝ ပိုမိုအဆင်ပြေစေရန်အတွက်  ၂၀၂၅-၂၀၂၆ ဘဏ္ဍာနှစ်အတွင်း တိုင်းဒေသကြီး ငွေလုံးငွေရင်းရန်ပုံငွေကျပ် ၇၆ ဒသမ ၄၄သန်းဖြင့်  ရသာ - နန်းနီ- အုန်းလက္ကောက်‌ ကျေးရွာချင်းဆက်လမ်း ကျောက်ရောမြေခင်းခြင်း လုပ်ငန်းအား ယနေ့နံနက်ပိုင်းက ခရိုင်ကျေးလက်လမ်းဖွံ့ဖြိုးရေးဦးစီးဌာနမှ လက်ထောက်ညွှန်ကြားရေးမှူးနှင့် တာဝန်ရှိသူများက ကွင်းဆင်းကြည့်ရှု စစ်ဆေးသည်။

အဆိုပါလမ်း အရှည် ၁/၅မိုင် ၊ အကျယ် ၁၆ ပေ၊ ဒုရှစ်လက်မကို တိုင်းဒေသကြီး ငွေလုံးငွေရင်း ရန်ပုံငွေကျပ် ၇၆ ဒသမ ၄၄ သန်းဖြင့် ‌မြို့နယ်ကျေးလက်လမ်းဦးစီးဌာနမှ တာဝန်ယူဆောင်ရွက်ပေးခဲ့ပြီး  လုပ်ငန်းပြီးစီးပါက အကျိုးပြုနိုင်မည့်ကျေးရွာငါးရွာမှ  လမ်းပန်းဆက်သွယ်မှု ကောင်းမွန်လာပြီး ဒေသခံများ၏ လူနေမှုဘဝ ပိုမိုမြင့်မားလာမည်ဖြစ်ကြောင်း မြို့နယ်ကျေးလက်လမ်းဖွံ့ဖြိုးရေးဦးစီးဌာနမှ  သိရသည်။ကျော်စွာ (စဉ့်ကိုင်)