ရမည်းသင်း သြဂုတ် ၂၁
၂၀၂၅ ခုနှစ် ဒီဇင်ဘာ (၂၈) ရက်တွင် ကျင်းပပြုလုပ်မည့် ပါတီစုံ ဒီမိုကရေစီ အထွေထွေရွေးကောက်ပွဲတွင် ရမည်းသင်းမြို့နယ်ရွေးကောက်ပွဲ ကော်မရှင်အဖွဲ့ခွဲများမှဆောင်ရွက်ရမည့် လုပ်ငန်းစဉ်များနှင့်ပတ်သက်၍ လုပ်ငန်းညှိနှိုင်းအစည်းအဝေးကို ယမန်နေ့ မွန်းလွဲပိုင်းက ရွေးကောက်ပွဲကော်မရှင်အဖွဲ့ခွဲရုံး၌ ကျင်းပသည်။
ဦးစွာ မြို့နယ်ရွေးကောက်ပွဲကော်မရှင်အဖွဲ့ခွဲဥက္ကဌ ဦးတင်မောင်မြင့်က အမှာစကားပြောကြားခဲ့ပြီး အတွင်းရေးမှူး ဦးနေမျိုးအောင်က ပါတီစုံဒီမိုကရေစီအထွေထွေ ရွေးကောက်ပွဲတွင် မြို့နယ်ကော်မရှင်အဖွဲ့ခွဲဝင်များက ဆောင်ရွက်ရမည့် လုပ်ငန်းစဉ်များကို ရှင်းလင်း ဆွေးနွေးခဲ့သည်။ ထို့နောက်တက်ရောက်လာသည့် မြို့နယ်ရွေးကောက်ပွဲကော်မရှင်အဖွဲ့ အဖွဲ့ခွဲဝင်များမှ ပြန်လည်ဆွေးနွေးမေးမြန်းခဲ့ကြောင်း သိရသည်။
ခရိုင်ပြန်/ ဆက်