ရပ်စောက် ဩဂုတ် ၂၁
ရှမ်းပြည်နယ်(တောင်ပိုင်း)၊ ရပ်စောက်မြို့နယ်တွင် စာပေချစ်မြတ်နိုးသူများအသင်း (book Club) အဖွဲ့ဝင်များ စာဖတ်ဝိုင်းကို ယမန်နေ့ နံနက် ၁၀ နာရီက ပြန်ကြားရေးနှင့်ပြည်သူ့ဆက်ဆံရေးဦးစီးဌာန လူထုအခြေပြုရုံး Community Centre ခန်းမ၌ ဆောင်ရွက်ခဲ့ကြောင်း သိရသည်။
ရှေးဦးစွာ မြို့နယ်စာရေးဆရာအသင်းဥက္ကဋ္ဌ ဦးသန်းလွင်က သုတေသနအဖွဲ့ ပြည်ထောင်စုရွေးကောက်ပွဲကော်မရှင်ရေးသားထားသော “ မြန်မာနိုင်ငံတွင်ပြောင်းလဲကျင့်သုံးမည့်အချိုးကျကိုယ်စားပြုစနစ် (PR)” စာအုပ်မှ (PR) စနစ်နှင့်ပတ်သက်သည့် အပိုင်း (၅) ပိုင်း၊ (PR) စနစ်အကြောင်းအရာ (၄) ခုဖြစ်သည့် ဗဟိုကိုယ်စားပြုစနစ်၊ ပေါင်းစပ်ထားသောအချိုးကျကိုယ်စားပြုစနစ်၊ အချိုးကျကိုယ်စားပြုစနစ်၊ အခြားစနစ်နှင့် အဆိုပါစနစ်များ၏ အားသာချက်၊ အားနည်းချက်များစသည့် အကြောင်းအရာများဖြင့် စာဖတ်ဝိုင်းပြုလုပ်ခဲ့ပြီး တက်ရောက်လာသောအဖွဲ့ဝင်များမှလည်း အပြန်အလှန်ဆွေးနွေးခဲ့ကြကြောင်း သိရသည်။
မြို့နယ်ပြန်/ဆက်