လဲချားမြို့၌ နိုင်ငံ့ဝန်ထမ်း ပင်စင်စားအငြိမ်းစား မိဘပြည်သူများအား ကျန်းမာရေးစောင့်ရှောက်မှုပေးခြင်း ဆောင်ရွက်

လဲချား သြဂုတ် ၂၁

ရှမ်းပြည်နယ်(တောင်ပိုင်း)၊ လဲချားမြို့နယ်ရှိ ပင်စင်စားနိုင်ငံ့ဝန်ထမ်း အငြိမ်းစား မိဘပြည်သူများအား ကျန်းမာရေးစောင့်ရှောက်ပေးခြင်းများကို ယနေ့နံနက်(၈)နာရီမှ စတင်၍ မြန်မာ့စီးပွားရေးဘဏ်တွင် ဆောင်ရွက်ပေးလျက်ရှိသည်။

ထိုသို့ဆောင်ရွက်ရာတွင် မြို့နယ်စီမံအုပ်ချုပ်ရေးအဖွဲ့ဥက္ကဋ္ဌ ဦးနန်းတင့်၏ လမ်းညွှန်မှုဖြင့် မြို့နယ်ဆရာဝန်ကြီး ဒေါက်တာဇင်မောင်နွယ် ဦးဆောင်၍ ကျန်းမာရေးဝန်ထမ်းများနှင့်အတူ နိုင်ငံဝန်ထမ်း(အငြိမ်းစား)ပင်စင်စား မိဘပြည်သုများအား သွေးပေါင်ချိန်တိုင်းတာပေးခြင်း၊ ဆီးချို၊ သွေးချိုတိုင်းတာစစ်ဆေးပေးခြင်းနှင့်အတူ လိုအပ်သည့် ကျန်းမာရေးစောင့်ရှောက်မှုများ ဆောင်ရွက်ပေးခဲ့ပါသည်။

အငြိမ်းစားပင်စင်စား မိဘများအနေဖြင့် မိမိတို့အဆင်ပြေသည့်နေ့တွင် နိုင်ငံတော်အစိုးရက သတ်မှတ်ထားသောရုံးပိတ်ရက်များမှအပ လစဉ် ၂၁ ရက်နေ့မှ နောက်လ ၂၀ ရက်နေ့အထိ လာရောက်ထုတ်ယူနိုင်ကြောင်း မြန်မာ့စီးပွားရေးဘဏ် မန်နေဂျာထံမှ သိရသည်။

မြို့နယ်(ပြန်/ဆက်)