မိုင်းရှူး သြဂုတ် ၂၁
ရှမ်းပြည်နယ်(တောင်ပိုင်း)၊ မိုင်းရှူးခရိုင်၊ မိုင်းရှူးမြို့နယ်တွင် နိုင်ငံ့ဝန်ထမ်း(အငြိမ်းစား)များအား (UID)နံပါတ်လျှောက်ထားခြင်းကို ယနေ့ နံနက် (၉)နာရီအချိန်က မြို့နယ်မြန်မာ့စီးပွားရေးဘဏ်၌ ဆောင်ရွက်ပေးလျက်ရှိသည်။
မိုင်းရှူးမြို့နယ်အတွင်း အငြိမ်းစားဝန်ထမ်းအဖြစ် ပင်စင်လစာငွေရရှိသူ စုစုပေါင်း (၂၄၈)ဦးရှိပြီး ပင်စင်လစာငွေများထုတ်ပေးခြင်းကို ဘဏ်ဖွင့်ရက်များ၊ ဘဏ်လုပ်ငန်းဆောင်ရွက်ချိန်များအတွင်း၌ အဆင်ပြေချောမွေ့စွာ ထုတ်ယူနိုင်ရေးအတွက် မြို့နယ်လူဝင်မှုကြီးကြပ်ရေးနှင့်ပြည်သူ့အင်အားဝန်ကြီးဌာန မြို့နယ်ဦးစီးမှူး ဦးအောင်ဇော်မင်းနှင့် ဝန်ထမ်းများမှ နိုင်ငံ့ဝန်ထမ်းအငြိမ်းစား ပင်စင်စားမိဘပြည်သူများအား One Stop Sevice ဖြင့် (UID) နံပါတ်လျှောက်ထားခြင်းများ ဆောင်ရွက်ပေးလျက်ရှိကြောင်း သိရသည်။
သန်းလူ(ပြန်/ဆက်)